SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၏ အနာဂတ်ကာလ လူနေထိုင်မှုစနစ်တွင် ကွန်ဒိုအသုံးပြု နေထိုင်သူ များလာနိုင်

Friday, 22 September 2017 10:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်မြို့၏ အနာဂတ်ကာလ လူနေထိုင်မှုစနစ်တွင် ကွန်ဒိုအဆောက်အအုံများ အသုံးပြုနေထိုင်သူ များပြားလာနိုင်ကြောင်း Alliance International Development Co., Ltd. ဒါရိုက်တာ ဒေါ်မေစုအောင်ထံမှ သိရသည်။

''မကြာမီမှာလည်း   ကွန်ဒိုဥပဒေတွေ ထွက်လာမှာဖြစ်လို့ ရန်ကုန်မြို့ရဲ့ လူနေထိုင်မှု စနစ်တွေထဲမှာ    ကွန်ဒိုအဆောက်အအုံတွေမှာ နေထိုင်သူ များပြားမယ့် အခြေအနေမျိုး ဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်''   ဟု ဒေါ်မေစုအောင်ကပြောသည်။

ထိုကွန်ဒိုလူနေထိုင်မှု စနစ်တွင် သာမန်ကန်ထရိုက် တိုက်ခန်းများကဲ့သို့  မဟုတ်ဘဲ လုံခြုံရေးစနစ် စိတ်ချရခြင်း၊ လုံခြုံရေးဝန်ထမ်းများနှင့် လုံခြုံရေးဂိတ်များ ရှိနေခြင်း၊ ကိုယ်ပိုင် ထရန်စဖော်မာများနှင့်  မီးစက်ကြီးများ စီစဉ်ထားခြင်းတို့ကြောင့် ၂၄ နာရီ လျှပ်စစ်မီးရနိုင်ခြင်း၊ ရေသိုလှောင်မှုစနစ်များ ကြိုတင်စီစဉ်ထားခြင်းတို့ကြောင့် အချိန်မရွေး ရေပေါများစွာ သုံးစွဲနိုင်ခြင်း  စသည့် အားသာချက်များသာမက   အဆောက်အအုံ ဧရိယာအတွင်း၌လည်း အပန်းဖြေရန်နေရာများ၊  Mini Cinemaများ၊  ကလေးကစားကွင်းများ၊ ရေကူးကန်နှင့် စားသောက်ဆိုင်များ  ပါရှိမည်ဖြစ်၍ ပြည့်စုံသော ပတ်ဝန်းကျင်လူနေမှု အခြေအနေမျိုးကို  ဖန်တီးနိုင် မည်ဖြစ်သည့် အတွက်  အနာဂတ်တွင်  ကွန်ဒိုလုပ်ငန်းများ တွင်ကျယ်လာနိုင်သည်။

''အခု ကုမ္ပဏီကြီးတွေ တော်တော်များများကလည်း  ကွန်ဒိုတွေ တည်ဆောက် လာကြပါတယ်။ ရန်ကုန်မြို့ရဲ့ လူနေထိုင်မှုစနစ်က ပြောင်းလဲလာတော့မှာပါ'' ဟု  ၎င်းက ဆက်လက်ပြောသည်။လတ်တလောတွင် အဆိုပါကွန်ဒိုအိမ်ရာ အဆောက်အအုံများမှာ တန်ဖိုးကြီးမားခြင်းကြောင့် သာမန်ဝင်ငွေရှိသော လူလတ်တန်းစားများပင် လက်လှမ်းမီရန် ခဲယဉ်းနေကြောင်း သိရသည်။ 

Read 366 times Last modified on Friday, 22 September 2017 10:12