SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး စစ်ဆေး

Friday, 22 September 2017 10:14 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ဆေးဝါးရောင်းချခွင့် လိုင်စင်၊ သက် တမ်းလွန်ဆေး၊ စပ်ဆေး၊ မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါး၊ စံမညီသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ မြတ်မိုးကြည်(ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းနှင့် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်မှု အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များသို့ စစ်ဆေးဆောင်ရွက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို ပညာပေး ဆွေးနွေးပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်း သော၊ အကျိုးအာနိသင်ရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးမှု များပြုလုပ်လျက်ရှိကြောင်း၊ အများပြည်သူ သိရှိစေရန်အတွက် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား ဌာနများတွင် ထုတ်လွှင့်ဖော်ပြ ပေးလျက်ရှိကြောင်း သိရသည်။

Read 331 times Last modified on Friday, 22 September 2017 10:30