SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံမှပြည်သူများ အထူးဈေးနှုန်းဖြင့် သွားလာနိုင်ရန်

Friday, 22 September 2017 10:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၁

ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသောလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Vietjet လေကြောင်း လိုင်းသည် နိုဝင်ဘာလ အတွင်းလေကြောင်း ခရီးစဉ်သစ် အနေဖြင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ

ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ပျံသန်းမည်ဖြစ်ပြီးမြန်မာနိုင်ငံမှပြည်သူများ အထူး ဈေးနှုန်းဖြင့် ဝယ်ယူစီးနင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်သစ်ကိုနိုဝင်ဘာ ၂၄ ရက်တွင် စတင်ပျံသန်းပေးမည်ဖြစ်ရာ နိုဝင်ဘာ တတိယပတ်မှစပြီး Vietjet လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက် နှင့်ဖေ့ဘွတ်စာမျက် နှာတို့၌လည်းကောင်း၊ပြည် တွင်း ရှိ Vietjet လေကြောင်း လိုင်း၏ လေယာဉ် လက်မှတ်များ ရောင်းချသော ဝန်ဆောင်မှုအေဂျင်စီလုပ်ငန်းများ၌လည်းကောင်း လက်မှတ်များ ဝယ်ယူ နိုင် ကြောင်းသိရသည်။

''ဒီလေကြောင်းခရီးစဉ်သစ်မှာ အနိမ့်ဆုံးအနေနဲ့ လက်မှတ်တစ်စောင်ကို အခွန် အခနှုန်းထား မပါဘဲ အမေရိကန်ဒေါ်လာ ၉ ဒေါ်လာကနေ စတင်ရောင်းချပေးထားပါတယ်'' ဟု Vietjet လေကြောင်း လိုင်းမှမီဒီ ယာတာ ဝန်ခံ Tung Nguyen ကပြောသည်။ Vietjet လေကြောင်းလိုင်းသည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ ကမ္ဘောဒီးယားနိုင်ငံဖနောင်ပင်မြို့သို့ နေ့စဉ်ပျံသန်းမည်ဖြစ်သည်။ နေ့စဉ် အသွားခရီးစဉ်တွင်ဟိုချီမင်းမြို့မှ ဒေသ စံတော် ချိန် ညနေ၅ နာရီ ၃၅ မိနစ် တွင်ပျံသန်းပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိမည်ဖြစ်သည်။

အပြန်ခရီးစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှ ဒေသစံတော်ချိန်ည ၇ နာရီတွင် စတင်ပျံ သန်းပြီးဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်တွင်ပြန် လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Read 292 times Last modified on Friday, 22 September 2017 10:34