SJ WorldNews - шаблон joomla Авто

ပထမအကြိမ် ကလေးပန်းချီ ကာတွန်း မီးပုံးပြပွဲပြိုင်ပွဲ ကျင်းပမည်

Friday, 22 September 2017 10:37 font size decrease font size decrease font size increase font size increase font size

မန္တလေး စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်  သီရိမာလာအနောက်  အကွက်(၂၁၂) ရွှေလောင်းညွန့်ရပ်ရှိ ဇာတိမာန်လူငယ် စာဖတ်အသင်းက ကြီးမှူး၍

ဒေသခံ ကလေးငယ်များ ပန်းချီ၊ ကာတွန်း စသည့် အနုပညာများ စိတ်ပါဝင်လာစေရန်၊ မြန်မာနိုင်ငံ၏ ရိုးရာပွဲတော်များကို ပါဝင်ဆင်နွှဲလာစေရန်နှင့် ကလေးငယ်များ မိမိတို့ကိုယ်တိုင် ရေးဆွဲဖန်တီးတတ်စေရန် ရည်ရွယ်ကာ ပထမအကြိမ်အဖြစ် ကလေးပန်းချီနှင့် ကာတွန်းမီးပုံးပြပွဲ၊ ပြိုင်ပွဲကို မန္တလေးမြို့ ၂၆ လမ်းနှင့် ၉၂ လမ်း အနီး၌ အောက်တိုဘာ ၅ ရက်(သီတင်းကျွတ် လပြည့်နေ့)ညနေ ၆ နာရီမှ ည ၁ဝ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲပြိုင်ပွဲကို စိတ်ပါဝင်စားသော ကလေးငယ်များ အနေဖြင့် ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်နှင့် အားကစားအများ အကျိုးဆောင်ရွက်ဖို့ ဝိုင်းဝန်းပါဝင်ကြပါစို့၊   မန္တလေးရှုခင်းအလှ၊ ၁၂ ရာသီပွဲတော်၊ စာအုပ်စာပေ လူ့မိတ်ဆွေ၊ရှောင်လေဝေးဝေး မူးယစ်ဆေး     စသည့် အကြောင်းအရာများကို ရေးဆွဲပြီး ၂၉ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ထွန်းဦးစာပေသို့ အောက်တိုဘာ ၂ ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကာ အရွယ်အစားမှာ အလျား ၁၇ လက်မ၊ အနံ ၁၄ လက်မရှိ စက္ကူအဖြူပေါ်တွင် တစ်လက်မပတ်လည်ချန်၍ ရေးဆွဲပေးပို့ရမည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်မည့်ပန်းချီ၊ ကာတွန်းများကို ပညာရှင်ငါးဦးက  စိစစ်ရွေးချယ်ပေးမည့် အပြင် ပရိသတ်အကြိုက်ဆုများလည်း ချီးမြှင့်ပေးမည်ဖြစ်ပြီး လာရောက်ကြည့်ရှုကြမည့် ကလေးငယ်များကို စာအုပ်တစ်အုပ်စီ အခမဲ့ပေးဝေခြင်း၊ မြန်မာ့ရိုးရာမုန့်များ ကျွေးမွေးဧည့်ခံခြင်းတို့ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Read 344 times Last modified on Friday, 22 September 2017 10:38