SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်ီ Digital Marketing Summit 2017 ကျင်းပရန် စီစဉ်

Friday, 22 September 2017 10:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ၌ Digital Marketing Summit 2017 ကို DigitalMinds (Marketing Consultant Agency) မှ ဦးစီး၍ အောက်တိုဘာ ၁ ရက်တွင်ရန်ကုန်မြို့ရှိ Summit Part View ဟိုတယ်၌ ကျင်း ပနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

''ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေ၊ CEO တွေ၊ Directors တွေ၊ and Marketing Manager တွေအတွက် Digital Marketingက ဒီနေ့ခေတ်ကာလမှာ အရေးကြီး လာပါ တယ်။ီ DigitalMarketing ရဲ့ လက်ရှိအလားအလာ၊နောင်ဖြစ်လာနိုင်မယ့် မျှော်မှန်းချက် အကြောင်း အရာ တွေကို နားလည်ကျွမ်းကျင်သူတွေက ဆွေးနွေးဖလှယ်ကြမှာဖြစ်ပြီး မိမိတို့ လုပ် ငန်းအတွက်Digital Marketingကိုအသုံးချနိုင်ဖို့ ရည်ရွယ် တာပါ'' ဟု Digital Minds (Marketing Consultant Agency) ၏  Managing Director ကိုဟိန်းသက်ခင်ဇော်က ပြောသည်။

ယင်းပွဲတွင် Digital Marketing ဆိုင်ရာဗဟုသုတများစွာကို ပြည်တွင်းရှိထိပ်တန်း ကုမ္ပဏီများမှ   Director များ ၊ Digital Marketer များ၊ Media Infl uencer များနှင့် အတွေ့ အကြုံရှိ ပြည်တွင်းပြည်ပမှ ပညာရှင် အသီးသီးက Digital Marketing ဆိုင် ရာအကြောင်း အရာများကို ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

Digital Marketing နည်းလမ်းများသည် မြန်ဆန်ခြင်း၊ ထိရောက်မှုရှိခြင်း၊ ထိရောက်မှုကို တိတိ ကျကျတိုင်း တာနိုင်ခြင်းတို့ကြောင့် လုပ်ငန်းရှင်များက Digital Marketing နည်းလမ်းကို ကူး ပြောင်းလုပ်ကိုင် လာကြခြင်းဖြစ်ေ ကြာင်း သိရသည်။

Read 311 times Last modified on Friday, 22 September 2017 10:47