SJ WorldNews - шаблон joomla Авто

ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

Friday, 22 September 2017 10:48 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်း စက်တင်ဘာ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး   ကလေးခရိုင် ကလေးမြို့၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်   ချောင်းရေများကြီးကာ မြစ်သာမြစ်ရေမြင့်တက်၍ ကလေးမြို့ အနိမ့်ပိုင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့သို့ ရေများ ဝင်ရောက်လျက်ရှိသည်။

ရေဘေးလွတ်ရာ ကလေးမြို့ ကယ်ဆယ်ရေးစခန်း ၁၃ နေရာသို့ ပြောင်းရွှေ့လာသော အဆိုပါ  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့မှ   ပြည်သူများကို တိုင်းဒေသကြီး  လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ တိုင်းဒေသကြီး ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းနှင့် တာဝန်ရှိသူများသည်  ယမန်နေ့က သွားရောက်၍ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ကယ်ဆယ်ရေးစခန်း၌ ယာယီနေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ရေဘေးရှောင်ပြည်သူ တစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၂၁ဝဝ နှုန်းစီဖြင့် ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၉၅၈ စုမှ  လူဦးရေ ၄၆၈၅ ဦးအတွက် ထောက်ပံ့ငွေကျပ် ၉၇၃၃၆ဝဝ ကို စစ်ကိုင်း တိုင်းဒေသကြီး ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊မြို့နယ်စီမံကိန်း ဦးစီးဌာန ဦးစီးမှူး၊ ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဒုတိယဦးစီးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူးတို့က ကယ်ဆယ်ရေးစခန်း ၁၃ နေရာသို့ သွားရောက်၍ ထောက်ပံ့ပေးကြသည်။

ထို့ပြင် စေတနာရှင် အလှူရှင်များကလည်း အိမ်ထောင်စုတစ်စုလျှင် ကြက်ဥငါးလုံးနှင့်   ခေါက်ဆွဲခြောက် ငါးထုပ်စီကို ထောက်ပံ့လှူဒါန်းကြပြီး ကျန်ရှိသော ရေဘေးရှောင်ပြည်သူများကိုလည်း ဆက်လက်ထောက် ပံ့ပေးကြောင်း    သတင်းရရှိသည်။   

Read 323 times Last modified on Friday, 22 September 2017 10:49