SJ WorldNews - шаблон joomla Авто

ပန်းပုရွာကို ကမ္ဘာပေါ်၌ သစ်သား ပန်းပုရုပ် အများဆုံးရှိသော ဒေသအဖြစ် ဖော်ဆောင်နေ

Friday, 22 September 2017 10:52 font size decrease font size decrease font size increase font size increase font size

ပဲခူး   စက်တင်ဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး ၁ဝ မိုင်ကုန်းအနီးရှိ ရွှေပြည်အပန်းဖြေ စခန်း၌  ဖွင့်လှစ်ထားရှိသော ပန်းပုရွာကို ကမ္ဘာပေါ်တွင် သစ်သားပန်းပုရုပ်များ    တစ်စုတစည်းတည်းနှင့် အများဆုံး ပြသထားသော နေရာတစ်ခုအဖြစ် ဖော်ဆောင်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ပန်းပုရုပ် အများအပြားကို စုစည်းပြသထားခြင်းဖြင့် ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်များ၏ စိတ်ဝင်စားမှုကို ရရှိလာစေရန် မျှော်မှန်းထားကြောင်း၊ လက်ရှိတွင် ပန်းပုရွာအဖြစ်   လူသိများလာပြီး  ကမ္ဘာပေါ်တွင် သစ်သားပန်းပုရုပ်များ အများဆုံး ပြသထားသော  နေရာတစ်ခုအဖြစ်လည်း အသိအမှတ်ပြုခံရစေရန် ပန်းပုရုပ်များ ထပ်မံစုဆောင်းခြင်း၊   ပန်းပုရုပ်များ ထားရှိရန် အဆောင်သစ်များ ဆောက်လုပ်ခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ယင်းရွှေပြည်အပန်းဖြေ စခန်းရှိ ပန်းပုရွာတွင် စုစည်းပြသထားသော ပန်းပုရုပ်များကို ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ(မြောက်ပိုင်း)၊ ဒဂုံ(ဆိပ်ကမ်း)၊ မင်္ဂလာဒုံ၊ သာကေတ စသည့် မြို့နယ်တို့၌ ထုလုပ်ခဲ့သည့်အပြင် ဆရာစံ ပလာဇာမှ  ပန်းပုရုပ်များကို  ယူဆောင် လာကာ ရွှေပြည်အပန်းဖြေစခန်းတွင် ပန်းပုရွာအဖြစ် တည်ထောင်ထားခြင်း ဖြစ်ကြောင်း၊ ရာနှင့်ချီရှိသော  ပန်းပုရုပ်ပေါင်းများစွာကို အမျိုးအစားအလိုက် အဆောင်များခွဲခြားကာ ပြသထားကြောင်း သိရသည်။

Read 288 times Last modified on Friday, 22 September 2017 10:53