SJ WorldNews - шаблон joomla Авто

စတုတ္ထအကြိမ် စုပေါင်း ဆွမ်းဆန်စိမ်းလောင်း လှူပွဲ ကျင်းပ

Friday, 22 September 2017 11:42 font size decrease font size decrease font size increase font size increase font size

ကျောက်ဖြူ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ စတုတ္ထအကြိမ်မြောက် ကျောက်ဖြူမြို့ပေါ်ရှိ ကျောင်း တိုက် ၆၃ တိုက်မှ သံဃာတော်များ၊ သီလရှင်ဆရာလေးများအား

ဆွမ်းဆန် စိမ်းလောင်း လှူပွဲအခမ်းအနားကိုယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်ကျောက်ဖြူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တိုက် အသီး သီးမှ ရဟန်း၊ သာမဏေများနှင့်သီလရှင်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်၊ ဆီ၊ဆား၊ ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲထုပ်များ၊ ဆပ်ပြာ များ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းစသည်တို့ကို လောင်း လှူကြသည်။

အဆိုပါလောင်းလှူပွဲကို ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်နှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စေ တနာရှင်များစုစုပေါင်း ၁၂ဝ ခန့် လောင်းလှူကြခြင်းဖြစ်သည်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲများကိုဝါတွင်းကာလ လပြည့် လကွယ်နေ့တို့တွင် အစဉ်အလာ မပြတ် လောင်းလှူကြမည်ဖြစ်ရာကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲများကိုသီတင်းကျွတ်လပြည့်နေ့အထိ စုပေါင်းလောင်း လှူသွား မည်ဖြစ် ကြောင်း သိရသည်။

Read 192 times Last modified on Friday, 22 September 2017 11:44