SJ WorldNews - шаблон joomla Авто

ကျောက်တော်မြို့ ဈေးသစ်တည်ဆောက်ခြင်း စီမံကိန်းဆိုင်ရာဆွေးနွေး

Friday, 22 September 2017 11:47 font size decrease font size decrease font size increase font size increase font size

ကျောက်တော် စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ် ကျောက်တော်မြို့၌အဆင့်မြင့်မြို့မဈေးသစ် ဆောက်လုပ်မည်ဖြစ်ရာ

ဈေး သူဈေး သားများအနေဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် စားဝတ်နေရေးအတွက် စိုးရိမ်ခြင်း ကြောင့် စက်တင်ဘာ ၁၈ ရက်ကစည်ပင်သာယာရေးဝန်ကြီးနှင့် ဈေးကော်မတီ ဝင်များ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။

''လာရောက်တွေ့ဆုံ ရတာကတော့ အခုလက်ရှိ လေးထပ် အဆောက် အအုံဈေးသစ် ကြီး ဆောက် လုပ်မှာဖြစ်တဲ့အတွက် ယခင်ရှိနေတဲ့ဆိုင်ခန်းတွေကို ဖျက်ဆီးပစ်ရ မှာ ဆိုတော့ ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ စားဝတ်နေရေး အဆင်မပြေဖြစ်နိုင်တယ်ဆိုပြီး လက်မခံနိုင်တဲ့အတွက် အခုလိုလာတွေ့တာ၊ဆွေးနွေးတင်ပြတာပါ''ဟု ဈေးဆိုင်ခန်း ပိုင်ရှင်နှင့် ကျောက် တော်ဈေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစံထွန်းဖြူ ကပြောသည်။

ရခိုင်ပြည်နယ်၌ ယခုဘဏ္ဍာနှစ်တွင်အဆင့်မြင့်မြို့မဈေးသစ်ကို မြို့နယ်ငါးခု တွင်ဆောက် လုပ်မည်ဖြစ် ရာ ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနမှ တင်ဒါခေါ်ယူခဲ့ရာ ဈေးသူ၊ ဈေးသား အချို့မှဈေးသစ် ဆောက်နေစဉ်နှင့် ဈေးသစ်စီမံကိန်းကြောင့် ဆိုင်ခန်းများပြောင်း ရွှေ့နေရာချထားမည့် အပေါ် စိုးရိမ်စိတ်များရှိနေခဲ့ခြင်း အပြင်ဈေးဆောက်လုပ်မည့်နေရာကို မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကွင်းဆင်း၍မြေနေရာ သတ်မှတ်စဉ် အထက်မှ သတ်မှတ်ထားသည်နှင့် မြေပြင်တွင် ဆောင်ရွက်နေသည်များ ကွဲ လွဲခြင်းကြောင့် ဈေးဆိုင်ပိုင်ရှင်များ စိုးရိမ်မှုမြင့် တက်၍ ယခုကဲ့သို့စည်ပင်သာယာရေးဝန်ကြီးနှင့် သွားရောက် တွေ့ ဆုံရခြင်းဖြစ် ကြောင်း သိရသည်။

''အခုလို ဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါ အကြောင်းစုံကိုသိရပါပြီ။ ဈေးသူဈေးသား တွေကိုလည်း ပြန်ရောက်ရင် ရှင်းပြသွားမှာပါ။ ဈေးသစ်ကိုအားလုံးလက်ခံမှာပါ''ဟု ဦးစံ ထွန်းဖြူ ကပြောသည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်းမြို့နယ် ငါးမြို့နယ်တွင် ဆောက်လုပ်သွားမည့် ဈေးသစ်များအတွက် အိတ်ဖွင့်တင်ဒါခေါ် ယူ ထားပြီး ဆောက်လုပ်မည့် ဈေးသစ်များမှာ စစ်တွေ၊ ကျောက်တော်၊ တောင်ကုတ်၊ရမ်းဗြဲ၊ ဂွမြို့နယ်တို့ တွင်ဖြစ် ကြောင်း သိရသည်။

Read 300 times Last modified on Friday, 22 September 2017 12:05