SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅(ခ)အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာ

Friday, 05 July 2019 11:29 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ်(၁ဝ၄/၂ဝ၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် (၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅(ခ)အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကြေညာခြင်း

၁။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)အတွက် ရွေးကောက်တင်မြှောက် ခံထားရသောလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်၏ ရွေးကောက် တင်မြှောက်ခံရခြင်းကို ယင်းမဲဆန္ဒနယ်၌ ယှဉ်ပြိုင်အရွေးခံသူ ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၉ အရ ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် လည်းကောင်း၊ ပုဒ်မ ၇၅ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုဖြင့်လည်းကောင်း ကြားနာစစ်ဆေး၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၄-၇-၂ဝ၁၉ ရက်စွဲပါ ရွေးကောက်ပွဲ  ကန့်ကွက်လွှာ အယူခံအမှတ်( ၁/၂ဝ၁၉)ဆုံးဖြတ်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)အတွက် ဦးနေမျိုးအောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းသည် ဥပဒေအရ ပျက်ပြယ်ကြောင်းနှင့် ယင်းမဲဆန္ဒနယ်၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးသန်းထိုက်အောင်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅(က)အရ ဆုံးဖြတ်ခဲ့သည်။

၃။ သို့ဖြစ်၍ ဦးနေမျိုးအောင်သည် ယခုကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှာ ဦးသန်းထိုက်အောင်[၁၂/ကမရ(နိုင်)၀၀၂၅၉၀] ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅(ခ)အရ သတ်မှတ်ကြေညာလိုက်သည်။

(လှသိန်း)

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Read 68 times Last modified on Friday, 05 July 2019 11:30