SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအပေါ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Friday, 05 July 2019 11:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၎

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမဲဆန္ဒနယ်၌ ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအပေါ် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးသက်ထွန်း ၊ဦးညွန့်စိန်၊ ဦးလှတင့်နှင့် ပြည်တွင်း/ပြည်ပမှ သတင်းမီဒီယာသမားများ ၄၉ ဦးခန့် တက်ရောက်ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်  ၂ဝ၁၈ခုနှစ် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမဲဆန္ဒနယ်၌ ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအပေါ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ ဆုံးဖြတ်ချက်၊ ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်တိုးမြှင့် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်တိုးမြှင့် ခွင်ြ့ပုရန် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသည့် သတင်းမီဒီယာ များ၏ သိရှိလိုခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို စံ(၅)ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မျိုး(နေပြည်တော်)

Read 160 times Last modified on Friday, 05 July 2019 11:30