SJ WorldNews - шаблон joomla Авто

မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

Sunday, 14 July 2019 08:32 font size decrease font size decrease font size increase font size increase font size

စစ်တွေ၊ အားကစား

ရခိုင်ပြည်နယ် စစ်တွေမြို့  ဓညဝတီ အားကစားကွင်း၌  ဇူလိုင် ၁၂  ရက် ညနေပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပသည်။ ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲ   ဗိုလ်လုပွဲစဉ်အဖြစ် Networking အသင်းနှင့် MIS အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ MIS အသင်းက ၃ ဂိုး -၂ ဂိုးဖြင့် အနိုင်ရရှိသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နည်းပညာတက္ကသိုလ်(စစ်တွေ)ကျောင်းအုပ်ကြီးက ဒုတိယဆုရရှိသော Networking အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်ပြီး ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက ငွေသားဆုအားပေးအပ်သည်။ ဆက်လက်၍  ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)ကျောင်းအုပ်ကြီး ဒေါက်တာဇော်ထွန်းက  ပြိုင်ပွဲတွင်  အကောင်းဆုံးအားကစား သမားများအား  တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ပြီး  ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး  ဒေါက်တာချမ်းသာက  ပထမဆု ရရှိသော MIS  အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပထမဆုရရှိသော MIS အသင်းအား တံခွန်စိုက်ဆုနှင့် ငွေသားဆုတို့ကို ပေးအပ်ကြောင်း သိရသည်။

Read 43 times Last modified on Sunday, 14 July 2019 08:37