SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲကျင်းပ

Sunday, 14 July 2019 09:16 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်မည့် (၁၃) ကြိမ်မြောက် ကြက်ခြေနီညီလာခံ အတွက် အသင်းနှင့်ရည်ရွယ်ချက်ချင်းတူညီ ပြီး အသင်း၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် အားဖြည့်ဆောင်ရွက်နိုင်မည့် မိတ်ဖက်လူမှုအဖွဲ့အစည်းများကို   ကိုယ်စားလှယ် အဖြစ် ရွေးချယ်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲကို ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ကျင်းပကြောင်း သိရသည်။ ''ကြက်ခြေနီအသင်းအနေနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို နိုင်ငံတော်ရဲ့ အရန်အင်အားအဖြစ်နဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်နေပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ညီလာခံမှာ ကောင်စီဝင် ၇၁ ဦးအနက် လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် ၁ဝ ဦးက ဥပဒေအရပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ အနေနဲ့ ကြက်ခြေနီရဲ့ လူမှုကရုဏာတွေ ပိုမိုတိုးတက်ဖို့  ပူးပေါင်းပါဝင် ပေးစေချင်ပါတယ်'' ဟု မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူကပြောသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေနှင့် နည်းဥပဒေ(မူကြမ်း)အကြောင်း၊ (၁၃) ကြိမ်မြောက် ကြက်ခြေနီ ညီလာခံနှင့် ရွေးချယ်တင်မြှောက် ရေးစည်းမျဉ်းများအကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အကြောင်းတို့ကို အဓိက ဆွေးနွေးကြကြောင်း သိရသည်။

Read 40 times Last modified on Sunday, 14 July 2019 09:32