SJ WorldNews - шаблон joomla Авто

ကျောင်းကျန်းမာရေး ပညာပေး ဟောပြောခြင်းနှင့် သွားနှင့်ခံတွင်းရောဂါ စစ်ဆေးကုသပေး

Sunday, 14 July 2019 09:44 font size decrease font size decrease font size increase font size increase font size

လဲချား၊ ကျန်းမာရေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ် အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်း၌  မြို့နယ်ကျောင်း ကျန်းမာရေးအဖွဲ့က ကျန်းမာရေးပညာ ပေးဟောပြောခြင်းနှင့် သွားနှင့်ခံတွင်းရောဂါ စစ်ဆေးကုသပေးခြင်းတို့ကို ဇူလိုင် ၁၂ ရက်     နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။ ရှေးဦးစွာ လဲချားမြို့နယ် လက်ထောက်ဆရာဝန် ဒေါက်တာသက်ပိုင်အောင် ဦးဆောင်သည့်အဖွဲ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား ရခြင်းအကြောင်းနှင့် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်  နည်းလမ်းများကို ကျန်းမာရေးအသိပညာပေး ဟောပြောသည်။ယင်းနောက် သွားဆရာဝန် ဒေါက်တာမင်းထိုက်အောင်က သွားနှင့်ခံတွင်းရောဂါနှင့် ပတ်သက်သောအကြောင်းများကို ရှင်းလင်းပြောကြားပြီး သွားပိုးစားခြင်းနှင့် သွားအနေအထား ပုံမှန်မဟုတ် သူများကို  အခမဲ့ကုသပေးသည်။ထို့နောက် အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ဝ ဦးအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။ အဆိုပါ ကျောင်းကျန်းမာရေး ပညာပေးခြင်းနှင့် သွားနှင့်ခံတွင်း ရောဂါစစ်ဆေးပေးခြင်းကို လဲချားမြို့နယ် လက်ထောက်ဆရာဝန်  ဒေါက်တာသက်ပိုင်အောင်၊ သူနာပြုဆရာမများ၊ ကျန်းမာရေးဆရာမများ၊ သွားဆရာဝန် ဒေါက်တာမင်းထိုက်အောင်နှင့်  တိုင်းရင်းဆေးဆရာမများ ပါဝင်ဆောင်ရွက်ကြောင်း သိရသည်။

Read 48 times Last modified on Sunday, 14 July 2019 09:45