SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အစွန်းရောက် ဘင်္ဂါလီတို့၏ အကြမ်းဖက်မှု များအား ပြည်သူလူထုမှ ရှုတ်ချပွဲကျင်းပ

Sunday, 24 September 2017 08:36 font size decrease font size decrease font size increase font size increase font size

ပဲခူး စက်တင်ဘာ ၂၃

အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဦးဆောင်ပြီး ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ရွှေမော်ဓော ဘုရားရှေ့ ယာဉ်ရပ်နား ကွင်း၌ ယနေ့နံနက် ၉ နာရီတွင် အစွန်းရောက် ဘင်္ဂါလီတို့၏ အကြမ်းဖက်မှု များအား ပြည်သူလူထုမှ ရှုတ်ချပွဲကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာကြ သူများက နိုင်ငံတော် အလံအား အလေးပြုကြပြီး နိုင်ငံတော် သီချင်းကို သံပြိုင်သီဆိုကာ ရခိုင်ပြည်နယ်မှ အကြမ်းဖက် သတ်ဖြတ်ခံရသည့် တိုင်းရင်းသား များနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက် ဂါရဝပြုကြသည်။ ထို့နောက် အနုပညာရှင် ဒေါ်လီလီနိုင်ကျော်၊ စာရေးဆရာ အမတ်ဒိန်၊ ဒေါ်ဆွေဇင်ဦးနှင့် ရှေ့နေ ဦးအေးပိုင်တို့က ဟောပြောကြပြီး ဦးတင်စိုးက ကြေညာချက် စာတမ်းခုနစ်ချက်ကို ဖတ်ကြားသည်။ ယင်းနောက် ဇာတိမာန်သီချင်းကို သံပြိုင် သီဆိုကြပြီး အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင်   ရုပ်သိမ်းခဲ့သည်။   အဆိုပါပွဲသို့ ရန်ကုန်၊ လှည်းကူး၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့မှ အင်အား ၁ဝဝဝ ကျော် တက်ရောက်ကြကြောင်း သိရသည်။

Read 297 times Last modified on Sunday, 24 September 2017 08:41