SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ထိုင်းနိုင်ငံမှ ပင်ဂွင်းလေးကောင်ကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ပြသရန် စီစဉ်လျက်ရှိ

Sunday, 24 September 2017 08:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂၃

ထူးကုမ္ပဏီများ အုပ်စု Htoo Zoos Unit နှင့် ထိုင်းနိုင်ငံရှိ The Zoological Park Organization တို့၏ နားလည်မှု စာချွန်လွှာအရ ထိုင်းနိုင်ငံမှ ပင်ဂွင်းလေးကောင်ကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ရှိ ပင်ဂွင်းပြကွက်၌ ထားရှိပြသရန် လှူဒါန်းလိုကြောင်း ကမ်းလှမ်းလာသည့်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တာဝန်ခံ ဦးသန်းစိုးအေးထံမှ သိရသည်။

ထူးကုမ္ပဏီများအုပ်စု Htoo Zoos Unit နှင့် ထိုင်းနိုင်ငံရှိ The Zoological Park Organization တို့သည် ၂ဝ၁၇ ခုနှစ် သြဂုတ် ၁၅ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသော ပူးပေါင်း ဆောင်ရွက်မှုနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှုတွင် နားလည်မှုဆိုင်ရာ လက်မှတ်ရေးထိုး ခဲ့ကြသည့်အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ The Zoological Park Organization သည် ထိုင်းနိုင်ငံ သဘာဝ အရင်းအမြစ်နှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာန လက်အောက်ရှိ တောရိုင်းတိရစ္ဆာန်များစု ဆောင်းထိန်းသိမ်းမှုအတွက် တာဝန်ယူ လုပ်ဆောင်နေသော အစိုးရပိုင် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ၎င်း Organization သည် ထိုင်းနိုင်ငံတွင် တိရစ္ဆာန်ဥယျာဉ်ပေါင်း ခုနစ်ခုကို ကွပ်ကဲဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့တိရစ္ဆာန် ဥယျာဉ်များ အသင်းအဖွဲ့အစည်းနှင့် ပူးပေါင်းကာ တိရစ္ဆာန်ဥယျာဉ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)ရှိ ပင်ဂွင်းပြကွက်၌  ယခုလက်ရှိတွင် ပင်ဂွင်းလေးကောင်ကို ပြသထားကြောင်း သိရသည်။

Read 289 times Last modified on Sunday, 24 September 2017 08:42