SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပထမအကြိမ် ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲတော် ကျင်းပ

Sunday, 24 September 2017 08:49 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် စက်တင်ဘာ  ၂၃

ကယားပြည်နယ် လွိုင်ကော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၏ ပထမအကြိမ် ကယားရိုးရာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲတော်ကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါကျောင်း ပညာရတနာခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် နဝမတန်းကျောင်းသား၊ ကျောင်းသူများက ဖားစည်အကဖြင့် ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားကာ အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲတော် အကြောင်းကို ဆရာမ ဒေါ်ဒေါရစ်ဗျားဒူက ရှင်းလင်းတင်ပြသည်။ ထို့နောက် ပွဲတော်သို့ တက်ရောက်လာကြ သူများကို ကယားရိုးရာ စားသောက်ဖွယ်ရာများနှင့် ဒီးကူများဖြင့် ဧည့်ခံကျွေးမွေးသည်။ အဆိုပါ ပွဲတော်ကို ကယားတိုင်းရင်းသား များက တောင်ယာ၊ လယ်စိုက်ပျိုးပြီးလို့ တော်သလင်းလနှင့် သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိပြီး စိုက်ပျိုးထားသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်း၍ ပိုးမွှားရောဂါများ မကျရောက်စေရန် အတွက် လယ်နတ်ကို ပသရတဲ့ ပွဲတော်ဖြစ်ရာ မိုးလေဝသ မှန်ကန်စေရန်၊ မိမိတို့ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်၊ မိတ်ဟောင်းဆွေဟောင်း များနှင့် မိတ်သစ်ဆွေသစ်များ အတူတကွ ဆုံစည်းဆင်နွှဲကြရန်၊ တိုင်းပြည်အေးချမ်း သာယာပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှု တိုးတက်လာစေရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း အဲဒိုပေါ်မီ(ခေါ်) ဒီးကူပွဲတော်ကို ကျင်းပလျက်ရှိကြောင်း သိရသည်။

Read 379 times Last modified on Sunday, 24 September 2017 08:51