SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

စက်မှုလယ်ယာ ကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လယ်ယာသုံး ထွန်စက်ကြီးများနှင့် ရိတ်သိမ်း ခြွေလှေ့စက်များ ရောက်ရှိ

Sunday, 24 September 2017 08:51 font size decrease font size decrease font size increase font size increase font size

မြန်အောင် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်အတွင်း စက်မှုလယ်ယာ ကူးပြောင်းရေး လုပ်ငန်းများကို ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်မှစ၍ ကျေးရွာအုပ်စု ငါးအုပ်စုတွင် စတင်ဆောင် ရွက်မည်ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနသို့ ရောက်ရှိနေသော လယ်ယာသုံး ထွန်စက်ကြီးများနှင့် ရိတ်သိမ်း ခြွေလှေ့စက်များကို   ယမန်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေတို့က ကြည့်ရှုစစ်ဆေးကြပြီး မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာသီအချိန်မီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြသည်။

မြန်အောင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းက၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်ကျေးရွာ အုပ်စုများဖြစ်သော လဟာပေါက်၊ ဆန်နီချောင်၊   ကွင်းကြီးထောင့်၊ တယ်ကုန်း၊ နတ်ပီတိ ကျေးရွာအုပ်စု ငါးအုပ်စုတို့တွင် ထွန်စက်ကြီး ၁ဝ စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် လေးစီးရောက်ရှိနေပြီး စက်များ နေရာချထားရန် အတွက်   ကျေးရွာအုပ်စု ငါးအုပ်စုသို့ ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါး ရိတ်သိမ်းရေး၊ ဆောင်းသီးနှံနှင့် နွေစပါး စိုက်ပျိုးရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ပြောသည်။

မြန်အောင်မြို့နယ်တွင် စက်မှုလယ်ယာ ကူးပြောင်းရေးအတွက်  ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာအုပ်စု ငါးအုပ်စု၊ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာ နှစ်တွင် ကျေးရွာအုပ်စု ၁၈ အုပ်စုတို့တွင် စက်မှုလယ်ယာ စနစ်ကျလယ်ကွက် စုစုပေါင်း ဧက ၃ဝ၅ဝ ဖော်ဆောင်ရန် လျာထားကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထံမှ သိရသည်။

Read 230 times Last modified on Sunday, 24 September 2017 08:58