SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အခြေခံပညာ အလယ်တန်း ကျောင်းခွဲများ အဆင့်တိုးမြှင့် ဖွင့်လှစ်

Sunday, 24 September 2017 08:58 font size decrease font size decrease font size increase font size increase font size

ကနီ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ကဲဒေါင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အခြေခံပညာ အလယ်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲကို  ယမန်နေ့  နံနက် ၉ နာရီက အဆိုပါ ကျောင်းရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေဌေးနှင့် ဦးထွန်းထွန်းဝင်း၊   မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးကံအောင်တို့က အခြေခံပညာ အလယ်တန်းကျောင်း ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေဌေးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းတို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ် များနှင့်အဖွဲ့သည်  မွန်းလွဲ    နာရီတွင် ကနီမြို့နယ်  အုမ္မကျေးရွာ  အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အလယ်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်း တို့က အုမ္မကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အလှူရှင် ဦးတင်မောင်ချိုနှင့် ဇနီး ဒေါ်မေသက်ဦးတို့က အုမ္မကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း တစ်စုံလှူဒါန်းပေးအပ်ရာ ကျောင်းအုပ် ဆရာကြီးက လက်ခံ ရယူကြောင်း သိရသည်။

Read 341 times Last modified on Sunday, 24 September 2017 09:19