SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ မရှိစစ်ဆေး

Sunday, 24 September 2017 09:21 font size decrease font size decrease font size increase font size increase font size

ဝါးခယ်မ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း၌ ရောင်းချလျက် ရှိသော အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ရှောင်တခင်စစ်ဆေးရာတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာပြည့်ဖြိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ဝါးခယ်မမြို့မ ဈေးအတွင်း ပဲသွေး၊ ပဲပြား၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲတို့တွင် ဖော်မလင်ပါဝင်မှု ရှိ၊ မရှိ အခြားစားသောက်ကုန် များတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ၊ မရှိတို့ကိုစစ်ဆေးဆောင်ရွက်ကြသည်။ အဆိုပါ အစားအသောက် များကို ရှောင်တခင် စစ်ဆေး၍ ဈေးကွက်နမူနာ ကောက်ယူရာတွင် စားသောက်ကုန်စုစုပေါင်း ၂၆ မျိုးအနက် မြသီတာ မုန့်ဟင်းခါးစက်မှ ထုတ်လုပ်ရောင်းချလျက် ရှိသော မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်တို့တွင် ဖော်မလင်သုံးစွဲထားမှုအား တွေ့ရှိရကြောင်း၊ ထိုသို့ ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသော စားသောက်ကုန်ထုတ်လုပ် ရောင်းချသူများအား ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Read 326 times Last modified on Sunday, 24 September 2017 09:26