SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နေပြည်တော် အိမ်ခြံမြေ ဈေးကွက်ရောင်းဝယ် ငှားရမ်းမှု ပြန်လည်ကောင်းမွန်လာ

Sunday, 24 September 2017 09:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂၃

နေပြည်တော် ကောင်စီနယ်မြေ  မြို့နယ် ရှစ်မြို့နယ်အတွင်းမှ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်တို့ရှိ လူစည်ကားပြီး သွားလာရေး ကောင်းမွန်သော နေရာများ၌ ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ အိမ်ခြံမြေဈေးကွက် ရောင်းဝယ်  ငှားရမ်းခြင်းလုပ်ငန်းများ ပြန်လည် ကောင်းမွန်လာကြောင်း သိရသည်။

''နေပြည်တော် အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းခြင်း အနေနဲ့ကတော့ နေပြည်တော် မြို့တော် ခန်းမရှေ့၊ သာယာကုန်း၊ ရွှေကြာပင်နဲ့ ကျောက်မျက်ပြတိုက် စတဲ့ လူစည်ကားတဲ့ နေရာတွေ၊ သွားလာရေး ကောင်းမွန်တဲ့ နေရာတွေမှာ ဝါတွင်းကာလ ဖြစ်ပေမယ့် အရောင်း အဝယ် ဖြစ်လာပါတယ်'' ဟု နေပြည်တော် ဇေယျာအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောသည်။ နေပြည်တော်အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်အနေဖြင့်  ၂ဝ၁ဝ-၂ဝ၁၂ ခုနှစ် မှာ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့်  ပုဗ္ဗသီရိမြို့နယ် တို့တွင် အရောင်းအဝယ် ကောင်းမွန်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အိမ်ခြံမြေ ဈေးကွက်အေးခဲ့ပြီး ယခုနှစ်ဦးပိုင်း မှစတင်ကာ သံရုံးများ လာရောက်ဖွင့်လှစ်မည့်    သတင်းများ ကြားသိရသည့် အချိန်မှစတင်၍ အိမ်ခြံမြေ ဈေးကွက်များမှာ ပေ ၆ဝ ပတ်လည် တစ်ကွက်လျှင် ငွေကျပ် သိန်း ၅ဝ မှ ၁ဝဝ အထိ မြင့်တက်လာပြီး အရောင်းအဝယ်   ကောင်းမွန်လာကြောင်း သိရသည်။

Read 319 times Last modified on Sunday, 24 September 2017 09:27