SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျေးရွာချင်းဆက်လမ်းကို သဲကျောက်ခင်း

Sunday, 24 September 2017 09:27 font size decrease font size decrease font size increase font size increase font size

ဗန်းမောက် စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကိုင်းကြီး-ခေါင်းကိုက်- ကျွဲကောကြီး ကျေးရွာချင်းဆက်လမ်း သဲကျောက်ခင်းခြင်း လုပ်ငန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ရရှိသည့်   လွှတ်တော်ရန်ပုံငွေ ထဲမှ ငွေကျပ်သိန်း ၅ဝ ဖြင့် ပြုပြင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''လမ်းပန်းဆက်သွယ်ရေး အခက်အခဲ မရှိအောင် ကျေးရွာမှာရှိတဲ့ လူထုအင်အားနဲ့ စုပေါင်းပြီး  ဆောင်ရွက်နေတာပါ။ လမ်းပန်း ဆက်သွယ်ရေးက အခုအခက်အခဲတွေ ရှိနေသေးပါတယ်။  အဲ့ဒါကြောင့် ကျွန်တော်နဲ့အတူ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ဦးဆောင်ပြီး ဒေသခံ ပြည်သူတွေနဲ့ စုပေါင်းဆောင်ရွက် နေပါတယ်''ဟု ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ ကိုင်းကြီး-ခေါင်းကိုက်- ကျွဲကောကြီးကျေးရွာ ချင်းဆက်လမ်းမှာ  ဗန်းမောက်ကားလမ်း အထိ ၅ မိုင်ရှည်လျားပြီး မံထုံဒေသစိတ် အရှေ့ခြမ်းအတွက် အဓိကကျသော လမ်း ဖြစ်ရာ ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းပြီးစီးပါက ကျေးရွာပေါင်း ၂၅ ရွာကျော်မှ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

Read 303 times Last modified on Sunday, 24 September 2017 09:32