SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အခြေခံပညာ ကျောင်းများ တိုးချဲ့တည်ဆောက်ရန် ငွေကျပ်သန်းပေါင်း ၆ဝဝ ကျော်သုံးစွဲမည်

Sunday, 24 September 2017 09:32 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂ဝ၁၇-

၂ဝ၁၈ ပညာသင်နှစ် အခြေခံပညာ ကျောင်း၁၄ ကျောင်းကို အသစ်တိုးချဲ့ တည်ဆောက်ရန်နှင့် အစားထိုးပြုပြင် တည်ဆောက်ရန်အတွက် ငွေကျပ်သန်းပေါင်း ၅၉၆ ဒသမ ၄ဝ သုံးစွဲမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါကျောင်း ၁၄ ကျောင်းတွင် ၁ဝ ကျောင်းကို အသစ်တိုးချဲ့ တည်ဆောက်မည်ဖြစ်ပြီး ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းများကို ကုမ္ပဏီလေးခုနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ယူ တည်ဆောက်မည်ဖြစ် သည်။ အသစ်တည်ဆောက်ရာတွင် အခြေခံပညာ အထက်တန်းကျောင်း သုံးေ ကျာင်း၊ မူလတန်းကျောင်း ခုနစ် ကျောင်း ပါဝင်ပြီး အစားထိုးပြုပြင်ရာတွင် အခြေခံပညာ အလယ်တန်းကျောင်း နှစ်ကျောင်းနှင့် မူလတန်းကျောင်း နှစ်ကျောင်းပါဝင်ကာ အာရ်စီတစ်ထပ်ပုံစံ Steel Structure ဖြင့် တည်ဆောက်မည်ဖြစ်သည်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ရေးမြို့နယ်အတွင်း သွားလာ ရခက်ခဲသော ဒေသများ၌ ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန်နှင့် စာသင်ကျောင်းများအတွင်း လိုအပ်နေသော စာကြည့်တိုက်များကို တိုးချဲ့တည်ဆောက်ရန် လျာထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

Read 306 times Last modified on Sunday, 24 September 2017 09:34