SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျောက်မိုင်း လုပ်ကိုင်ခွင့် လိုင်စင် သက်တမ်းတိုးချိန်တွင် လအနည်းငယ် ပြန်လည် သိမ်းယူ

Sunday, 24 September 2017 09:32 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် သထုံခရိုင်ရှိ ကျိုက်ထို၊ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် သက်တမ်းတိုးချိန်တွင် လိုင်စင်ကို လအနည်းငယ် သိမ်းယူထားသဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ် ပေါ်နေကြောင်း ကျောက်မိုင်းလုပ်ကိုင်သူများထံမှ သိရသည်။

သထုံခရိုင်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်ထုတ် လုပ်ငန်းလုပ်ကိုင်သူဦးရေ ၁ဝဝ ခန့်ရှိပြီး ကျောက် ထုတ်လုပ်ခွင့်လိုင်စင်မှာ နှစ်စဉ် ဇွန် ၃ဝ ရက်တွင် သက်တမ်းကုန်ဆုံးသဖြင့် သက်တမ်းတိုး ပြန်လည်လျှောက်ထား ရေးအတွက် ကြိုတင်လျှောက်ထားမှုများ ပြုလုပ်ရကြောင်း၊ သက်တမ်းတိုး လိုင်စင်ပြန်လည်ရရှိရန် နှစ်လမှလေးလ အထိကြာမြင့်တတ်သဖြင့် အလုပ်လုပ်ခွင့်ရသည့် ကာလမှာ နည်းပါးကြောင်း သိရသည်။

''လိုင်စင်တွေက သက်တမ်းကုန်ရင် ပြန်အပ်ရမှာက ဥပဒေစည်းကမ်းချက် အတိုင်းပါပဲ။ အရင်ကာလတွေက မလုပ်ခဲ့ ကြလို့သာ ဒါကိုလုပ်ငန်းရှင်တွေက အမှန်ထင်နေတာ။ အမှန်က လိုင်စင်က လုပ်ငန်းရှင်တွေ လက်ထဲပေးရတာမျိုး မဟုတ်ဘူး။ ပြည်သူတွေနဲ့ ပြဿနာတစ်ခုရှိလာရင် လုပ်ငန်းလိုင်စင်ရှိ တယ်လို့ ပြနိုင်အောင် ထုတ်ပေးထားတာပါ။ လိုင်စင်စည်းကမ်းချက်အရ သတ်မှတ်ထားတဲ့ ကျင်းရေပြည့်ရင် လိုင်စင်ကကုန်တာပဲ။ ထပ်ထုတ်လို့မရပါဘူး''ဟု သ ထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။ ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်သူများသည် တူးဖော်ထုတ် လုပ်ကိုင်ခွင့်ရသည့် မြေနေရာတွင် လိုင်စင်ပါခွင့်ပြုထားသော မြေနှင့်မြေထွက်ပစ္စည်းများ တူးဖော်ခြင်းမှအပ အခြား လုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိ၊ လုပ်ငန်းလိုင်စင်အား မူလခွင့်ပြုထားသူမှအပ အခြားသူတစ်ဦးထံသို့ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်းမပြုရ၊ အများပြည်သူဆိုင်ရာ လမ်းမကြီး၊ မီးရထားလမ်း၊ ရေသိုေ လှာင်ကန်၊ တူးမြောင်းတို့မှ ပေ ၆ဝဝ အကွာတွင် ထုတ်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

Read 317 times Last modified on Sunday, 24 September 2017 09:34