SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြစ်ရေ ကျဆင်းသောကြောင့် ရေဘေးရှောင် စခန်းရှိ အိမ်ထောင်စုအချို့ မိမိနေအိမ်သို့ ပြန်လည်ရွှေ့ပြောင်း

Sunday, 24 September 2017 09:32 font size decrease font size decrease font size increase font size increase font size

ကလေး စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ မြစ်သာမြစ်ရေသည် စက်တင်ဘာ ၂၁ ရက်နံနက် ၉ နာရီခွဲ တိုင်းထွာချက်အရ အမြင့်ဆုံး မြစ်ရေအမှတ် ၁၃၁၃ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ၁၁၈၆ စင်တီမီတာသို့ ကျသွားရာ ၁၂၇ စင်တီမီတာအထိ ပြန်လည်ကျဆင်း လာသောကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများရှိ အိမ်ထောင်စုအချို့ မိမိနေအိမ် အသီးသီးသို့ ပြန်လည် ရွှေ့ပြောင်းကြကြောင်း သိရသည်။

ကလေးမြို့နယ်အတွင်း ရေဘေးရှောင် အိမ်ထောင်စု ၂၂၄၁ စုမှ လူဦးရေ ၁ဝ၁၉၈ ဦးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ ထောက်ပံ့ပေးသော ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၄၁၅၈ဝဝ ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပေးအပ်ကြသည်။ ထို့ပြင် လူမှုရေးအသင်း အဖွဲ့နှင့် ဘာသာရေး အသင်းအဖွဲ့များမှ စေတနာရှင်၊ အလှူရှင်များကလည်း ထမင်းထုပ်များ၊ သောက်ရေသန့်ဘူးများ၊ အချိုရည်ဘူးများ စသည်တို့ကို ပေးအပ် လှူဒါန်းကြကြောင်း  သိရသည်။

Read 227 times Last modified on Sunday, 24 September 2017 09:34