SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်တွင် ပြေးဆွဲမည့် ကေဘယ် ကားလုပ်ငန်းကို နိုဝင်ဘာလကုန် အပြီး ဆောင်ရွက်မည်

Sunday, 24 September 2017 09:32 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်တွင် ပြေးဆွဲမည့် ကေဘယ် ကားစီမံကိန်း လုပ်ငန်းကို နိုဝင်ဘာလကုန် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း Sky Asia ကုမ္ပဏီ၏ အထူးအကြံပေး ဦးမျိုးဝေထံမှ သိရသည်။

ယင်းစီမံကိန်းကို မူလသတ်မှတ်ထားသည့် ဘုရားပွဲတော် (သီတင်းကျွတ်လပြည့်)တွင် ဖွင့်လှစ်နိုင်ရန် သတ်မှတ်ခဲ့ သော်လည်း အချိန်မီပြီးစီးနိုင်ရန် အခက်အခဲရှိသဖြင့် ရက်အနည်းငယ် နောက်ကျမည်ဖြစ်ကြောင်း၊ ကေဘယ်ကား စီမံကိန်းကို ယနေ့အထိ ၉ဝ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး နိုဝင်ဘာလတွင် စမ်းသပ်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ''ပထမကတော့ ဘုရားပွဲတော်အမီ ပြီးစီးနိုင်အောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ဒီနှစ်ကျိုက်ထို မြို့နယ်အတွင်း မိုးကြီးပြီး ရာသီဥတုဆိုးရွားတာကြောင့် ကေဘယ်ကြိုးကို တိုင်ပေါ်တင်ဖို့ ဒီမှာရှိတဲ့စက်တွေက မနိုင်လို့ ပြင်သစ်နိုင်ငံ Pomer ကုမ္ပဏီကို ပြန်မှာရတော့ နည်းနည်းကြာသွားတယ်။ အခုတော့ စက်ရောက်လို့ ကြိုးတွေ လည်းတင်ပြီးပါပြီ။ ရထားတွဲချိတ်ဖို့ပဲ ကျန်တော့တယ်''ဟု Sky Asia ကုမ္ပဏီမှ အထူးအကြံပေး ဦးမျိုးဝေကပြော သည်။

ကေဘယ်ကားစီမံကိန်းကို Sky Asia ကုမ္ပဏီက ကျိုက်ထီးရိုး ဘေးမဲ့တောနယ်မြေမှ မြေဧက ၁၃ ဒသမ ၅ ဧကကို သစ်တောဦးစီးဌာနတွင် နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ခွင့်ပြုချက်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၂ဝ ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ခြင်းဖြစ်ေ ကြာင်း သိရသည်။ ''ရာသီဥတုကောင်းတာနဲ့ ရထား တွဲချိတ်မယ်။ ရထားတွဲပေါင်း ၄၃ တွဲချိတ်မယ်။ အရန်တစ်တွဲထားမယ်။ ရထားတွဲချိတ်ပြီးတာနဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်မယ်။ ဒါကလည်း ဘုရားဖူးပြည်သူတွေ စိတ်ချလက်ချနဲ့ စီးနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အားလုံး ပြီးစီးတာနဲ့ ကျွန်ေ တ်ာတို့ဖွင့်မှာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံး ကေဘယ်ကားစီမံကိန်း ဖြစ်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေတာပါ။ နိုဝင်ဘာလကုန်တာနဲ့ ဖွင့်လှစ်နိုင်မယ်''ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။

Read 294 times Last modified on Sunday, 24 September 2017 09:35