SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဝင်္ဂဘော် ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ၈ဝ ရာခိုင်နှုန်းခန့် တိုးတက်လာ

Sunday, 24 September 2017 09:34 font size decrease font size decrease font size increase font size increase font size

ဘုရားကြီး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ ဝင်္ဂဘော် ကျေးရွာအနီးရှိ ဝင်္ဂဘော် ဆင်စခန်းသို့ လာရောက် လည်ပတ်သည့် ခရီးသွား ဧည့်သည်များမှာ ဆင်စခန်းစတင် ဖွင့်လှစ်ချိန်ထက် ၈ဝ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်လာကြောင်း ဝင်္ဂဘော် ဆင်စခန်းတာဝန်ခံ ဦးမြင့်စိုးထံမှ သိရသည်။

ဝင်္ဂဘော်ဆင်စခန်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်ခြင်း ဖြစ်ပြီး ယခု ဘဏ္ဍာနှစ်မှစ၍ တစ်ရက်လျှင် ဆင်ကြည့်ရှုသူ ပျမ်းမျှ ၅ဝ ဦးရှိကာ အစိုးရ ရုံးပိတ်ရက်များနှင့်     စနေ၊ တနင်္ဂနွေ နေ့များတွင် ခရီးသွားဧည့်သည် တစ်ရာခန့် လာရောက်ကြကြောင်း၊ ဝင်ကြေး အနေဖြင့် ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ငွေကျပ် တစ်ထောင်နှင့် ဆင်စီးခ ငွေကျပ် ငါးထောင်ကောက်ခံပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှင့် ဆင်စီးခငွေကျပ် နှစ်သောင်း ကောက်ခံကြောင်း သိရသည်။ ''နံနက် ၇ နာရီခွဲကနေ  ၈ နာရီခွဲအထိ ဆင်တွေ ရေချိုးပေးတာကို ကြည့်လို့ရတယ်။ ကိုယ်တိုင်ရေဝင်ချိုး ပေးလို့လည်း ရတယ်။ နံနက် ၈ နာရီခွဲကနေ ၉ နာရီခွဲကတော့ ဆင်သရုပ်ပြတယ်။ နံနက် ၉ နာရီခွဲကနေ ၁၁ နာရီခွဲအထိကို ဆင်စီးချိန် သတ်မှတ်ထားပါတယ်။ ဆင်တွေကို လေ့လာချင်တယ်ဆိုရင် မွန်းတည့် ၁၂ နာရီကနေ ညနေ ၃ နာရီအထိလိုက်ပို့တယ်။ ဆင်အကြောင်းတွေ ရှင်းပြတယ်။ ဆင်ရဲ့ သဘာဝအကြောင်း ရှင်းပြပေးတယ်''ဟု ဦးမြင့်စိုးက ပြောသည်။ ဝင်္ဂဘော် ဆင်စခန်းသည် ရန်ကုန်မြို့နှင့် မိုင် ၄ဝ နီးပါးကွာဝေးပြီး အကျယ်အဝန်း အားဖြင့် ၈၆ ဒသမ ၂ ဧကကျယ်ဝန်းကာ အမိမဲ့ဆင်လေး ခုနစ်ကောင်နှင့် အိမ်ဆင် ၁ဝ ကောင် စုစုပေါင်း ဆင် ၁၇ ကောင်ရှိကြောင်း သိရသည်။

Read 291 times Last modified on Sunday, 24 September 2017 09:35