SJ WorldNews - шаблон joomla Авто

ရန်ကုန်-ပုဂံအထူးအမြန်ရထားနှင့် နေပြည်တော်-ပခုက္ကူအထူး အမြန်ရထား ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲ

Tuesday, 20 August 2019 09:57 font size decrease font size decrease font size increase font size increase font size

မိုးရေတိုက်စားခြင်းကြောင့်    ပျက်စီး သွားသည့် ပုဂံနှင့်တောင်ဇင်းကြား တံတား အမှတ် (၁၃၅) မှာ လက်ရှိတွင်  ပြန်လည် ပြုပြင်မှုများ ပြီးစီးသွားသည့်အတွက် ရန်ကုန်-ပုဂံအထူးအမြန်ရထားနှင့် နေပြည်တော်-ပခုက္ကူအထူး အမြန်ရထားတို့ကို  သြဂုတ် ၁၈  ရက်မှစ၍  ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း  မြန်မာ့မီးရထား တိုင်းအမှတ် (၁၁)   ပို့ဆောင်ရေး  တိုင်း မန်နေဂျာ ဦးညီညီလွင်၏ ပြောပြချက်အရ သိရသည်။

''တံတားပြုပြင်တာ   တစ်ပတ်လောက် ပဲကြာပါတယ်။ ခရီးစဉ်အစအဆုံး ပြန်လည် ပြေးဆွဲပေးနေပါပြီ။ ရန်ကုန်-ပုဂံ (၆၁) အဆန်၊ (၆၂) အစုန်က  ရန်ကုန်ကနေ  ညနေ ၄ နာရီထွက်ပါတယ်။  ပုဂံကနေ  ညနေ  ၄ နာရီထွက်ပါတယ်။ နေပြည်တော်-ပခုက္ကူ (၁ဝ၇) အဆန်၊ (၁ဝ၈) အစုန်လမ်း ပိုင်းကလည်း  မနေ့ကစဖွင့်ပါတယ်''  ဟု ဦးညီညီလွင်ကပြောသည်။

ပုဂံနှင့်တောင်ဇင်းကြားရှိ အမှတ် (၁၃၅) တံတားသည် သြဂုတ် ၁ဝ ရက်က မိုးကြီးပြီး ရေတိုက်စားမှုကြောင့် တံတားရေလယ် တိုင်ပြုတ်ကျကာ   တံတားကျိုးသွားသည့်အတွက် ပြုပြင်စဉ်ကာလအတွင်း ရန်ကုန်-ပုဂံအထူးအမြန်ရထားနှင့်  နေပြည်တော်-ပခုက္ကူ အထူးအမြန်ရထားတို့ကို ကျောက် ပန်းတောင်း အထိသာ ပြေးဆွဲပေးခဲ့သည်။

မြန်မာ့မီးရထားအနေဖြင့် တံတားပြုပြင် စဉ်ကာလအတွင်း ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ကျောက်ပန်းတောင်းမှ ပုဂံသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် အမှတ် (၁ဝ၇) အဆန် နေပြည်တော်-ပခုက္ကူအထူးအမြန်ရထားကိုလည်း တံတားပြုပြင်စဉ်ကာလအတွင်း   နေပြည် တော်မှ      ကျောက်ပန်းတောင်းအထိသာ ပြေးဆွဲပေးခဲ့ပြီး    အမှတ် (၁ဝ၈) အစုန် ပခုက္ကူ-ပုဂံ အထူးအမြန်ရထားကိုလည်း ကျောက်ပန်းတောင်းမှသာ   ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။           ဆုလာဘ်

Read 65 times Last modified on Tuesday, 20 August 2019 09:58