SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက် သောင်းကျန်းသူများ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်သုံးစီး ပျက်စီး

Wednesday, 21 August 2019 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ယနေ့ နံနက် ၉ နာရီခန့်တွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ပြီး စစ်တွေမြို့သို့ ပြန်လည် ထွက်ခွာလာသည့် အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ရဲမှူးဦးစီးသည့် စစ်ကြောင်း(၁)နှင့် တပ်ခွဲ ၁ ခွဲသည်  တပ်ဖွဲ့ပိုင် မော်တော်ယာဉ်များဖြင့် ချီတက်လာစဉ် ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီး ပုဏ္ဏားကျွန်းမြို့မှ ၁၆ မိုင်ခန့်အကွာ ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့အကြား  ပက်ခွက်ဆိပ်ကျေးရွာ အနီးတွင် မိုင်းတစ်လုံးနှင့် ပြိုင်းတော ကျေးရွာအနီးတွင်  မိုင်းတစ်လုံးတို့ကို  AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ရဲအရာရှိ တစ်ဦး၊ ရဲတပ်သားတစ်ဦး စုစုပေါင်းနှစ်ဦး ကျဆုံးကာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး  တပ်ဖွဲ့ပိုင်မော်တော်ယာဉ် သုံးစီး ပျက်စီးခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 

Read 54 times Last modified on Wednesday, 21 August 2019 08:45