SJ WorldNews - шаблон joomla Авто

အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြင်းလှည်းဝန်ဆောင်မှု လုပ်ငန်းအဆင်ပြေ၍ အမျိုးသမီး မြင်းလှည်းမောင်းသူ ၂ဝ ကျော်ရှိလာ

Thursday, 22 August 2019 09:45 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝရှေးဟောင်းဒေသသို့ ယခုအခါ ခရီးသွားဧည့်သည်အများ အပြားလာရောက် လည်ပတ်သောကြောင့် မြင်းလှည်းသမားများ အဆင်ပြေလျက်ရှိပြီး  အင်းဝဒေသ မြင်းလှည်းမောင်းဝန်ဆောင်မှုလုပ်ငန်းတွင် အမျိုးသမီးဦးရေ ၂ဝ ကျော်ရှိလာကြောင်း သိရသည်။

မြင်းလှည်းမောင်းသူများအနေဖြင့် မြင်းလှည်းများကို အိုးတုတ္တန်းတွင်ဂိတ်ထိုးကာ အစီအစဉ်တကျလိုက်ကြရပြီး မြင်းလှည်းဆရာများမှာ နိုင်ငံတကာခရီးသွားဧည့်သည်များနှင့် ပြောဆိုမှုများလာသောကြောင့် ကျွမ်းကျင်စွာ ပြောဆို လာနိုင်သည်။

ဇူလိုင်လဆန်းပိုင်းမှ သြဂုတ်လဆန်းပိုင်းအထိ အင်းဝဒေသသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု ပိုမိုများပြားလာပြီး မြင်းလှည်းတစ်ခေါက်ထွက်ရလျှင် ငွေကျပ် ၁၅ဝဝဝ ရကာ မြင်းအစာမှာတစ်နေ့လျှင် ငွေကျပ် ၂ဝဝဝ ကျော်  ကုန်ကျသည်။ အင်းဝဒေသရှိ  အမျိုးသမီးမြင်းလှည်းမောင်းသူများ  မြင်းလှည်းမောင်းသည့် မြင်ကွင်းကို နိုင်ငံတကာ  ခရီးသွားဧည့်သည်များက မှတ်တမ်းယူလေ့ရှိပြီး လက်ရှိတွင် မြင်းလှည်းတစ်စီးလျှင်  နှစ်ခေါက် နှုန်းထွက်ရသည့်အတွက် အဆင်ပြေကြသည်။

အင်းဝမြို့ဟောင်း၌ ခရီးသွားဝန်ဆောင်မှု မြင်းလှည်းမောင်းလုပ်ငန်းမှာ အမျိုးသမီး များအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်း ရရှိကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက် လာခဲ့ကြောင်း၊     အင်းဝမြို့ဟောင်းမှ မြင်းလှည်းဝန်ဆောင်မှုလုပ်ငန်းလုပ်သည့် မြင်းလှည်းဆရာများမှာ နိုင်ငံ တကာခရီးသွား ဧည့်သည်များကို အားထားနေရပြီး လက်ရှိတွင် ခရီးသွားဧည့်သည်လာရောက်မှု များပြားသည့်အတွက် အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။  

  နွေနဒီ၊ မြစ်ငယ်

Read 43 times Last modified on Thursday, 22 August 2019 09:46