SJ WorldNews - шаблон joomla Авто

တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေးကျင်းပ

Thursday, 22 August 2019 09:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂၁

တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေး အမှတ်စဉ်(၃/၂ဝ၁၉)ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကအမှာစကား ပြောကြားရာ၌ တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ယခုနှစ်ဇွန်လတွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေအရ တရားလွှတ်တော်ရှေ့နေများကောင်စီကို တရားလွှတ်တော် ရှေ့နေများက သတ်မှတ်ချက်နှင့်အညီ ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေလုပ်သက် ၁၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီတွင် ပါဝင်မည့် တရားလွှတ်တော်ရှေ့နေ  ၁၁ ဦးကို   ရွေးကောက်တင်မြှောက်နိုင်ရန်  ရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် နည်းဥပဒေများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အဆိုပါနည်းဥပဒေ မူကြမ်းအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်ဖြစ်ကြောင်း၊  ပြည်သူ့လွှတ်တော်    တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာ ကော်မတီမှလွှဲပြောင်းပေးပို့သော ရှေ့နေများအပေါ် တိုင်ကြားစာသုံးစောင်နှင့်  တရားလွှတ်တော် ရှေ့နေများ ကောင်စီသို့ တင်ပြလာသည့် တိုင်ကြားစာများကိုစိစစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ တင်ပြခဲ့ကြောင်း ပြောကြားသည်။ 

အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်စုစုပေါင်း ၁ဝ ဦး တက်ရောက်ကြကြောင်း သိရသည်။ 

Read 55 times Last modified on Thursday, 22 August 2019 10:12