SJ WorldNews - шаблон joomla Авто

သတ်မှတ် စည်းကမ်းချက်များ မလိုက်နာသည့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသော စက်ရုံ အလုပ်ရုံများကို စစ်ဆေး အရေး ယူမည်

Thursday, 22 August 2019 09:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ သဘာဝ ပတ်ဝန်းကျင်

သတ်မှတ်စည်းကမ်းချက်များ မလိုက်နာဘဲ လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသော  ပြည်တွင်းရှိ   စက်ရုံ၊  အလုပ်ရုံများကို ထိရောက်စွာ စစ်ဆေး အရေးယူမည်ဖြစ် ကြောင်း  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်ဆန်းနိုင်၏ ပြောကြားချက် အရ သိရသည်။

စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ရေဆိုး ထုတ်လွှတ်မှုမပြုလုပ်မီ   ရေသန့်စင်မှု ပြုလုပ်ရန်၊ စက်ရုံ၊ အလုပ်ရုံများ၏ မီးခိုး တိုင်များမှ  ထုတ်လွှတ်သည့်  မီးခိုးငွေ့များ အတွင်း အမှုန်အမွှားပါဝင်မှုလျှော့ချရန် စသည့်အချက်များပါဝင်သော်လည်း လက်ရှိ တွင် သတ်မှတ်စည်းကမ်းချက်များအပေါ် အပြည့်အ၀လိုက်နာသည့်      စက်ရုံ၊

အလုပ်ရုံများ နည်းပါးနေသေးသည်။ လေထု၊ ရေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ တိုင်ကြားခံထားရသော စက်ရုံများရှိ နေပြီး ယင်းတို့ကို  သွားရောက်စစ်ဆေးရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီ သဖြင့် ပိတ်သိမ်းခံရမှုများ လည်းရှိသည်။ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စည်းကမ်း နှင့်အညီဆောင်ရွက်ရန် အချိန်ခြောက်လ ပေးထားကြောင်း သိရသည်။

““သတ်မှတ်စည်းကမ်းချက်တွေ အတိုင်း လုပ်ဆောင်ကြဖို့ အချိန်ခြောက်လပေးထား ပါတယ်။   ဒါကလည်း  လုပ်ငန်းရှင် တွေ တောင်းဆို ထားတာကြောင့်၊ သူတို့အခက် အခဲတွေကို တင်ပြလာတာကြောင့် အချိန် ပေးထားတာပါ။ ဒီကာလ အတွင်းမှာ မလုပ် ဆောင်ဘူး၊ မလိုက်နာဘူးဆိုရင် အရေးယူ ဆောင်ရွက်တော့မှာပါ။   ဇန်န၀ါရီလ လောက်မှာ အရေးယူ ဆောင်ရွက်တာကို စတင်လုပ်မယ်”” ဟု ဦးကျော်ဆန်းနိုင်က ပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  စက်ရုံ၊  အလုပ်ရုံများကို  သွားရောက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းအတွက် စည်းကမ်းချက် များအပေါ် လိုက်နာရန်နှင့် စည်းကမ်း ချက် များအတိုင်း လုပ်ငန်းစဉ်များလုပ်ဆောင်ရန် ၂၀၁၉ ခုနှစ် သြဂုတ်လမှ ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလအထိ အချိန်ခြောက် လသတ် မှတ်ပေးထားကြောင်း သိရသည်။   

စိုးမိုး

Read 54 times Last modified on Thursday, 22 August 2019 09:59