SJ WorldNews - шаблон joomla Авто

စဉ့်ကူအုံမြားချောင်း ရေကျမှုကြောင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်

Sunday, 25 August 2019 16:19 font size decrease font size decrease font size increase font size increase font size

ညောင်ဦး၊ ကူညီကယ်ဆယ်ရေး

မန္တလေးတိုင်း ဒေသကြီး    ညောင်ဦးမြို့နယ်  စဥ့်ကူကျေးရွာအနီး ညောင်ဦး-ချောက်သွား ကားလမ်းပေါ်ရှိ စဥ့်ကူ အုံမြားချောင်း၌ သြဂုတ် ၂၃ ရက် ညနေပိုင်းက အထက်ပိုင်း   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်း ရေများ ကျနေသည့် အတွက် ခရီးသွားပြည်သူများ  ခရီးကြန့်ကြာမှုများ မဖြစ်စေရန်နှင့် အန္တရာယ် ကင်းဝေး စေရေး ညောင်ဦးမြို့နယ်  စဥ့်ကူနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ချောက်မြို့နယ် မီးသတ်စခန်းမှ   လက်ထောက် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ခရီးသွား ပြည်သူ များ အဆင်ပြေစွာ သွားလာနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြောင်း သိရသည်။

ညောင်ဦး မြို့နယ်၌ မိုးမရွာဘဲ အထက်ပိုင်း   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေကျမှုများ ဖြစ်ပေါ် ခဲ့သည့် အတွက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်း သွားလာနိုင်ရေး ညောင်ဦးမြို့နယ်  စဥ့်ကူ နယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်းနှင့် တပ်ဖွဲ့ဝင်များက  ချောက်မြို့နယ် မီးသတ် စခန်းမှ   လက်ထောက် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍    ကူညီ ကယ် ဆယ်ရေး လုပ်ငန်းများ   ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။             

လှိုင်ဝင်းလေး(ပုဂံမြေ)

Read 21 times Last modified on Sunday, 25 August 2019 16:23