SJ WorldNews - шаблон joomla Авто

ဧရာဝတီ လင်းပိုင်များ မျိုးသုဉ်းလုနီးပါး အန်္တရာယ်ဖြင့် ရင်ဆိုင်နေရသည့်အတွက် ပူးပေါင်း ထိန်းသိမ်းရန် လိုအပ်

Monday, 26 August 2019 10:08 font size decrease font size decrease font size increase font size increase font size

မနလေး၊ သားငှက်ထိန်းသိမ်းရေး

မြန်မာနိုင်ငံ၌သာရှိသည့်   ဧရာဝတီ

လင်းပိုင်များသည်    မျိုးသုဉ်းလုနီးပါး အနရာယ်ဖြင့်     ရင်ဆိုင်နေရသည့် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အပြင် ဒေသခံ ပြည်သူများကပါ ပူးပေါင်း ပါဝင်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)  မှ  လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးကျော်လှသိန်း၏ ပြောဆိုချက် အရ သိရသည်။

လက်ရှိတွင်  သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့်  ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်     လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ  ကျေးရွာ များ၌  တစ်လလျှင်  နှစ်ခေါက်နှုန်းဖြင့် အသိ ပညာပေး ဟောပြောခြင်း၊ ကျောင်း သား၊ ကျောင်းသူများအား လင်းပိုင်နှင့် ပတ်သက်၍  ဟောပြောခြင်းနှင့်  လင်းပိုင် ရုပ်ပုံများ ပါဝင်သည့်စာအုပ်များ ဝေငှခြင်း တို့ကို  ရေကြောင်းရဲတပ်ဖွဲ့၏အကူအညီ ဖြင့် ဆောင်ရွက် လျက် ရှိသည်။

““ရှားပါးပြီး မျိုးသုဉ်းတော့မယ့်အန်္တရာယ် နဲ့   ရင်ဆိုင်နေရတဲ့   ဧရာဝတီ လင်းပိုင်ကို ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မှာပဲ တွေ့နိုင်တယ်။      ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်လို    နေရာ မျိုးတွေမှာ လည်း လင်းပိုင်တွေ ရှိတယ်။ ဧရာဝတီမြစ်ထဲမှာ ရှိတဲ့  ဧရာဝတီ လင်းပိုင်က အကောင်  ၇၀ လောက်ပဲရှိတယ်။ အဲဒီ အကောင် ၇၀ က မျိုးသုဉ်းလုနီးပါး အနရာယ်နဲ့ ရင်ဆိုင်နေ ရတယ်။  အဲဒါတွေကို   ထိန်းသိမ်းရင်  သားငှက် ထိန်းသိမ်း ရေး အဖွဲ့၊ ငါးလုပ်ငန်း ဦးစီးဌာနနဲ့    သက်ဆိုင်ရာ ဌာနတွေပဲ ထိန်းသိမ်းလို့ မရဘူး။ ပတ်ဝန်းကျင်မှာနေ တဲ့  ဒေသခံ ရေလုပ် သားတွေ၊  ကျေးရွာသူ၊  ကျေးရွာသားတွေ အားလုံး ပူးပေါင်း ထိန်းသိမ်းမှရမှာပါ”” ဟု ဦးကျော်လှသိန်း ကပြောသည်။

ဧရာဝတီ လင်းပိုင်များကို  ထိန်းသိမ်းရာတွင် ၎င်းတို့၏ သဘာဝ အတိုင်းသာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ လင်းပိုင်များ ကို အနရာယ်ဖြစ်စေသည့် ဖမ်းဆီးခြင်းမျိုး မပြုလုပ်သင့်ကြောင်းနှင့်  လင်းပိုင်သည် ငါးတစ်မျိုး တည်းကိုသာ စားသည့် သတ၀ါ ဖြစ်သည့်အတွက် ငါးသယံဇာတများ မရှိလျှင်   အစာငတ် သေဆုံး နိုင်သောကြောင့်  ငါးသယံဇာတ တိုးတက် စေရန် တရားမ၀င် ငါးဖမ်းခြင်းများ မပြုလုပ်သင့်ကြောင်း သိရသည်။

ဆုလာဘ်

Read 73 times Last modified on Monday, 26 August 2019 10:53