SJ WorldNews - шаблон joomla Авто

မြင်းခြံမြို့နယ်ရှိ ရေလှောင်တမံနှင့် ကန်များကြံ့ခိုင်မှု ကောင်းမွန်

Friday, 06 September 2019 11:57 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ်ရှိ ပြောင်းပြာရေလှောင်တမံ၊ စွန်းလွန်းရေလှောင်တမံ၊ တောင်ပင်လယ်ရေလှောင်တမံ၊   မြောက်ပင်လယ် ရေလှောင်တမံနှင့် ညောင်ပင်သာကန်၊  ပျိုးကန် ကန်တို့တွင် မိုးရွာသွန်းမှု ရှိခဲ့သော်လည်း   ရေအမှတ်အပြည့်ကို ရောက်ရှိခြင်းမရှိခြင်း၊ ရေလှောင်တမံများ၊ ကန်များကြံ့ခိုင်မှု ကောင်းမွန်၍ စိုးရိမ်ရန် မရှိကြောင်း မြင်းခြံမြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှု ဦးစီးဌာနရုံးမှ သိရသည်။

မိုးရာသီအတွင်း   ရေကြီးရေလျှံမှုနှင့် ငလျင်လှုပ်ခတ်ခြင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များကြောင့် ရေလှောင်တမံများနှင့်  ဆက်စပ်ရေအား အဆောက်အအုံများ ကျိုးပေါက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ရေလှောင်တမံများနှင့်   ကန်များကိုလည်းကြံ့ခိုင်အောင် ဆောင်ရွက်ထားရှိပြီး အမြဲမပြတ် စစ်ဆေးလျက်ရှိကြောင်း   မြို့နယ်ဆည်မြောင်းနှင့်   ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်မျိုးသန့်က ပြောသည်။

ထို့ပြင် မြင်းခြံမြို့နယ်အတွင်းရှိ ရေလှောင်တမံနှင့် ကန်များတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ကြိုတင်စီမံခန့်ခွဲမှု အဆင့်သုံးဆင့်ဖြင့်စီမံဆောင်ရွက်မည်ဖြစ်ပြီး အဆင့်(၁)တွင် အများပြည်သူမြင်သာသော နေရာ၌  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများ၌ အစိမ်းရောင်အလံ လွှင့်ထူမည်ဖြစ်ကြောင်း၊ အဆင့်(၂)တွင် အဝါရောင် အလံလွှင့်ထူခြင်းနှင့် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာမည်ဖြစ်ကြောင်း၊  အဆင့်(၃)တွင် အနီရောင် အလံလွှင့်ထူခြင်းနှင့် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ရေလှောင်တမံများ အရေးပေါ် အခြေအနေဖြစ်သော မိုးရာသီ ရေကြီးရေလျှံမှုနှင့် ငလျင်လှုပ်ခတ်ခြင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များကြောင့် အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက   ရေလှောင် တမံနှင့် ကန်များ အောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အတွက်ဖြစ်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့လည်း သတိပေးအလံများ ပေးအပ်ပြီးဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးသန့်ထံမှ သိရသည်။

Read 25 times Last modified on Friday, 06 September 2019 11:59