SJ WorldNews - шаблон joomla Авто

ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၄ ဒသမ ၅ ပေခန့် ရေကျော်နေ

Saturday, 07 September 2019 11:08 font size decrease font size decrease font size increase font size increase font size

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စိုက်ပျိုးရေအတွက်   မှီခိုအားထားနေရသည့် ကြီးအုံကြီးဝတမံတွင် စက်တင်ဘာ ၅ ရက်က တိုင်းထွာချက်အရ တမံ ရေပိုလွှဲမှ ၄ ဒသမ ၅ ပေခန့် ရေကျော် ကျလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် မြို့နယ် အတွင်း ဒေသခံပြည်သူများ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်ပြီး ထိခိုက်မှုကင်း ဝေးစေရန် အတွက် ကြီးအုံကြီးဝ တမံ ရေပို လွှဲမှ ရေကျော်ကျမှု အခြေအနေကို နေ့စဉ် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကြီးအုံကြီးဝတ မံရေပိုလွှဲမှ ရေကျော်ကျမှု သည် သြဂုတ် ၃ဝ ရက်က ၃ ပေ  ၁ လက်မရေကျော်ကျခဲ့ပြီး ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် တမံရေပိုလွှဲမှ ၄ ဒသမ ၅ ပေ ရေကျော်ကျမှု တိုးလာခဲ့ခြင်းဖြစ် ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။            

 ရဲဝင်းနိုင်(ညောင်ဦး)

Read 10 times