SJ WorldNews - шаблон joomla Авто

မုံရွာမြို့ အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ

Saturday, 07 September 2019 11:12 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ရောင်းချမည့် အိမ်ခြံမြေများရှိသော်လည်း  ဝယ်ယူမည့် သူနည်းပါးလျက်ရှိကာ     ယခုလအတွင်း ဈေးကွက် အရောင်းအဝယ်အေးနေကြောင်း သိရသည်။

ယခုလို   အရောင်းအဝယ်အေးရခြင်းသည် စီးပွားရေးဆိုင်ရာအခက်အခဲများကြောင့်ဖြစ်ပြီး ဝယ်ယူသူ အများစုသည်လည်း အရစ်ကျစနစ်ဖြင့် သာဝယ်ယူကြကြောင်း  မုံရွာမြို့  အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

''ဒီလအတွင်းမှာ  အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်သိပ်မဖြစ်ဘူး။ အဓိကကတော့ စီးပွားရေး အခက်အခဲတွေကြောင့်လို့ သုံးသပ် ရမှာပဲ။ အများအားဖြင့် သိန်း ၁ဝဝ၊ ၂ဝဝ ဝန်းကျင် နဲ့ ၃ဝဝ ပတ်ချာလည်လောက်ပဲအရောင်းအဝယ်  ရှိတယ်။ ဒါတောင်မလွယ်ဘူး။ အရစ်ကျစနစ်နဲ့ သာအဆင်ပြေတာ။ သိန်းထောင်ဂဏန်းကတော့ အရောင်းအဝယ်မရှိသလောက်ပဲ။ ရောင်းသူ အများစုကလည်း   ခြံဝင်းကိုအပြည့်ရောင်းရင်  ရောင်းမထွက်တော့ပိုင်းရောင်းလာကြတယ်''ဟု  မုံရွာမြို့ အိမ်ခြံမြေအကျိုးဆောင် ဦးမျိုးသီဟက  ပြောသည်။

မုံရွာမြို့အိမ်ခြံမြေဈေးကွက်၏လတ်တလော အနေအထားအရ   ဂရန်အထောက်အထား ခိုင်မာမှုမရှိလျှင် ဝယ်ယူသူမရှိသလောက်ဖြစ်ပြီး အိမ်ခြံမြေအကျိုးတော်ဆောင်  အများစုသည် လည်း ဂရန်ပါရှိသည့်ခြံမှသာ ဆောင်ရွက်ပေး ကြောင်း သိရသည်။

''ကျွန်တော့်ဆီ အိမ်ဝင်းလာအပ်ရင် ဂရန် ရှိလား အရင်မေးရတာ။ မရှိရင်လက်ခံဆောင် ရွက်မပေးရဲဘူး။ ဝယ်သူကလည်း ခိုင်မာမှုရှိမှ ဝယ်ရဲတာ။   ဒါကြောင့်   ရောင်းမယ်ဆိုရင်  ကျွန်တော်ကတော့ အရင်ဆုံး ဂရန်လုပ်ခိုင်းလိုက် တယ်။ ဒါမှရောင်းသူလည်း ဂရန်နဲ့ဆိုတော့ဈေးပို ရတယ်။  ဝယ်သူကလည်း စိတ်ရှင်းတာပေါ့''ဟု  မုံရွာမြို့ခံ အိမ်ခြံမြေအကျိုးဆောင်  ဦးထွန်းထွန်းဝင်းက ပြောသည်။

မုံရွာမြို့၌ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်သည့် ရပ်ကွက်အများစုမှာ ကံသာဦးရပ်ကွက်၊ ချမ်းမြဝတီရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်နှင့် ရွှေပြည်သာ ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။  

 (၄ဝ၉)

Read 11 times