SJ WorldNews - шаблон joomla Авто

ကရာတေးသင်တန်းဆင်းပွဲကျင်းပ

Saturday, 07 September 2019 11:14 font size decrease font size decrease font size increase font size increase font size

ကရာတေးသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မန္တလေးတက္ကသိုလ် မိုးလုံလေလုံ အားကစား ရုံ(အသစ်)၌ ကျင်းပသည်။

ရှေးဦးစွာ   မန္တလေးတိုင်းဒေသကြီး  ကရာတေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင် နှင့်မန္တလေးတက္ကသိုလ် သင်္ချာပါမောက္ခ ဌာနမှူး   ဒေါက်တာခင်မျိုးအေးတို့က  သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြား ကြပြီး မန္တလေးတိုင်းဒေသကြီး ကရာတေးဆပ်ကော်မတီအဖွဲ့ သင်တန်းနည်းပြဆရာ များအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသူ တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ ကရာတေးမောင်မယ် များက အခြေခံနည်းစနစ်များ သရုပ်ပြသ ခြင်း၊  တစ်ချက်ကောင်း  နှစ်ယောက် တိုက်ခိုက်မှု  သရုပ်ပြသခြင်း၊ ထိုင်လျက် ဖြင့်   တိုက်ခိုက်မှုသရုပ်ပြသခြင်း၊ ပြန် လည်ခုခံတိုက်ခိုက်မှု   သရုပ်ပြသခြင်း၊ အခြေခံ Kata  (ခတ)သရုပ်ပြသခြင်းများ  ဆောင်ရွက်ကြသည်။

အဆိုပါသင်တန်းကို နည်းပြများဖြစ် သော ဦးဝမ်းကိုကို(တွဲဖက်အတွင်းရေးမှူး)၊ ဦးဟိန်းလတ်နှင့် ဦးတိုးတက်အောင်တို့က ဇွန် ၂၇ ရက်မှ စက်တင်ဘာ၅ ရက်အထိ  သင်ကြားပြသပေးရာ မန္တလေးတက္ကသိုလ် ရှိ မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ  ၁၇ ဦးတက်ရောက်သင်ယူကြောင်း  သိရသည်။

Read 11 times