SJ WorldNews - шаблон joomla Авто

Mobile နှင့် IT ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြပွဲကျင်းပ

Saturday, 07 September 2019 11:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး  ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းနှင့်  ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်း၍ Yangon ICT Fair  ပြပွဲကို စက်တင်ဘာ    ရက်က  ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပ သည်။

ဖွင့်ပွဲအခမ်းအနားကို  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော် နှင့်  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက  ဦးခွန်ဦးနှင့်တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါပြပွဲကို Mobile  နှင့် IT ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များ၊  ကျောင်းသား၊  ကျောင်းသူများ၊ ဝန်ထမ်းများ Mobile နည်းပညာနှင့် ကွန်ပျူတာအသုံးချ ဆော့ဖ်ဝဲလ်နည်းပညာ များကို တစ်နေရာတည်း၌  ကြည့်ရှုလေ့လာ နိုင်ရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြပွဲတွင်ကုမ္ပဏီပေါင်း ၄၉ ခုမှ ပြခန်း ပေါင်း ၁၂၄ ခန်း ခင်းကျင်းပြသထားရာ Training ဆိုင်ရာပြခန်း၊ Application  နှင့် Softwareအရောင်းပြခန်း၊ Website ၊ Networking ၊  Internet  ဆိုင်ရာ အရောင်းပြခန်းများပါဝင်ပြီး အထူးလျှော့ ဈေးနှုန်းများဖြင့်   ရောင်းချပေးခြင်းဖြစ် သည်။

ထို့ပြင် ပြပွဲတွင် ESport အားကစား ICT Challenge Yangon 2019 ပြိုင်ပွဲ ကိုလည်း  ထည့်သွင်းကျင်းပပေးထားရာ ဆုရရှိသူများအား ငွေကျပ် ၃၃ သိန်း ချီးမြှင့်မည်ဖြစ်သည်။ ပြပွဲကို စက်တင်ဘာ ၆ ရက်မှ ၈ ရက် အထိ   ကျင်းပလျက်ရှိကြောင်း   သိရ သည်။

လင်းခန့်   

Read 16 times