SJ WorldNews - шаблон joomla Авто

(၇၁)နှစ်မြောက် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Saturday, 07 September 2019 11:27 font size decrease font size decrease font size increase font size increase font size

 

(၇၁)နှစ်မြောက် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ   ထူထောင်သည့် နေ့ အထိမ်းအမှတ် အခမ်းအနားကို   ယနေ့ည ၆ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့   အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးကျော်တင်နှင့်ဇနီး  ဒေါ်လွင်လွင်မှန်၊    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်

ဇနီး ဒေါ်သက်သက်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး  သန်းထွန်းဦးနှင့်ဇနီး၊  နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်ဇနီး၊  မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး  Mr. Jong Ho  Bom နှင့်ဇနီး၊ သံတမန်များ၊ ဖိတ်ကြားထား သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်   ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်း များဖွင့်လှစ်၍ အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကိုရီးယား ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး  Mr. Jong Ho Bomနှင့်   အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြား ကြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊   မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ    သံအမတ်ကြီး  Mr. Jong Ho Bomနှင့်ဇနီး တို့သည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး   (၇၁)နှစ်မြောက်     ကိုရီးယားဒီမို ကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်သည့်နေ့ အထိမ်းအမှတ်   ဂုဏ်ပြုညစာကို m အတူတကွသုံးဆောင်ကြသည်။           

(သတင်းစဉ်)

Read 14 times