SJ WorldNews - шаблон joomla Авто

အင်းလေးကန်အတွင်း သဲနုန်းပို့ချမှုမြင့်တက်လာခြင်းကြောင့် နှစ်စဉ် သဲနုန်းကျင်းပေါင်း တစ်သိန်းခန့်ဆယ်ယူနေရ

Sunday, 08 September 2019 12:41 font size decrease font size decrease font size increase font size increase font size

ညောင်ရွှေ၊ သဘာဝပတ်ဝန်းကျင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်လေးကန်အတွင်း သဲနုန်းပို့ချမှု မြင့် တက်လာခြင်းနှင့် ရေလမ်းကြောင်း တိမ်ကောလာခြင်းတို့ကြောင့် ကန်ရေရှည် တည်တံ့ ရေး သဲနုန်းများ ဆယ်ယူလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ မပျက်စီး စေရေး ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန   ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်၏ ပြောပြချက်အရ သိရသည်။

''အင်းလေးဒေသက ပြည်တွင်းခရီးသွားသာမက နိုင်ငံခြားခရီးသွား ဧည့်သည်တွေကိုပါ ဆွဲဆောင်နိုင်တဲ့ ဒေသဖြစ်တာကြောင့် အင်းလေးကန် သန့်ရှင်းသာယာလှပပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ မပျက်စီးစေဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ဆောင် ရွက်နေပါတယ်။  နှစ်စဉ် သဲနုန်းကျင်းပေါင်း တစ်သိန်းလောက်ကို   တူးဖော်ဖယ်ရှား ပေးနေပါတယ်''  ဟု ဦးကျော်မြင့်လှိုင်က ပြောသည်။

အင်းလေးကန်အတွင်း သဲနုန်းပို့ချမှုကြောင့် ကျေးရွာချင်း ဆက်သွယ်သည့် ရေလမ်း ကြောင်းများ တိမ်ကောလာခြင်း၊ ရေနည်းချိန်တွင် ကမ်းစပ် ရေတိမ်ဒေသများ၌ သွား လာရခက်ခဲခြင်း၊ ရေအရည်အသွေး ကျဆင်းလာမှုနှင့်အတူ ရေမှော်၊ ဗေဒါများ ထူထပ် စွာပေါက်ရောက်ခြင်း၊ ရေလမ်းကြောင်း ပိတ်ဆို့လာမှုကြောင့် ရေပြင်ဧရိယာနှင့်  ရေ လှောင်ပမာဏ လျော့နည်းလာခြင်းတို့ တွေ့ကြုံနေရသည့်အတွက်  အင်းလေးကန် ရေရှည် တည်တံ့စေရန် သုတေသန လုပ်ငန်းများ၊ သဲနုန်းဆယ်ယူခြင်း လုပ်ငန်းများ၊    နုန်းဖမ်းတမံ၊ နုန်းဖမ်းဆည် တည်ဆောက်ခြင်း လုပ်ငန်းများ၊ ကျွန်းမျောရိုင်းများ ဖယ် ရှားရှင်းလင်းခြင်း လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အင်းလေးကန်ကဲ့သို့ နုန်းမြေများ ပြည့်နေသည့် ကန့်ထောင့်ကန်၊ နဒီကန်၊ သာ စည်ကန်၊ ကန်တော်ကန်၊ လွယ်တန့်ကန်၊  လွယ်မောကန်တို့ကိုလည်း နုန်းစစ်ကန်များ အဖြစ် ပြန်လည် အသုံးပြုနိုင်ရန် အဆိုပါ ကန်များအတွင်းရှိ သဲနုန်းများကို ဖယ်ရှားခြင်း၊  ရေပယ်နုန်းထိန်းတမံ၊ သနပ်ခါး နုန်းထိန်းတမံတို့မှ သဲနုန်းများအား ဖယ်ရှားခြင်း၊  အင်း လေးကန်အတွင်း စီးဝင်သည့် မြစ်ချောင်းများကို စနစ်တကျ ပြန်လည်တူးဖော်ပြီး ရေ စီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ နမ့်ကတ်ချောင်းဝ၊ ငါးဖယ်ချောင်းဝနှင့်  မြေနီကုန်း မြောင်းထိပ်အပါအဝင် အင်းရေပြင်ရှိ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများ ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း   သိရသည်။                    

လင်းကြည်လင်း

Read 11 times Last modified on Sunday, 08 September 2019 12:42