SJ WorldNews - шаблон joomla Авто

ရမည်းသင်းမြို့နယ် တဘက္ကာကျေးရွာမှ သံရည်ကျိုလုပ်ငန်း

Monday, 09 September 2019 11:25 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် တဘက္ကာအုပ်စု တဘက္ကာကျေးရွာ၌ လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်သော သံရည်ကျိုလုပ်ငန်းကို ယခုထိတိုင် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ သံရည်ကျိုလုပ်ငန်းကို ရှေးယခင်ကတည်းကပင် လုပ်ကိုင်ခဲ့ကြပြီး လယ်ယာသုံး ပစ္စည်းများဖြစ်သော သံထည်သွား (အရွယ်အစားအမျိုးမျိုး)၊ ဆိတ်မျက်လုံး (လှည်းဘီးအလယ်တွင် တပ်ဆင်သော) များကို ပြုလုပ်ကြကာ သံထည်သွားများကို အများဆုံး ထုတ်လုပ်သည်။

ထို့ပြင် သကြားစက်၊ နို့ဆီစက်၊ ဆန်စက်များ၏ မီးဖိုများတွင် တပ်ဆင်သော မီးခံပြား အမျိုးမျိုးတို့ကို ပြုလုပ်ပေးသည့်အပြင် အပိုပစ္စည်းခက်ခဲသော စက်များအတွက် လိုအပ်သော စက်ကိရိယာပစ္စည်းများ၏ အစိတ်အပိုင်းများကိုလည်း သဲမိုဖြင့် ပုံစံထုတ်၍ ပြုလုပ်ပေးသည်ဟု သိရသည်။

အဓိကဖြစ်သော သံကုန်ကြမ်းကို စွန့်ပစ်ပစ္စည်း သံတိုသံစအဟောင်းများ ပြန်ကျို၍ ပြုလုပ်ခြင်းဖြစ်ပြီး လောင်စာမှာ ထင်းအစားထိုး ရေနံချိုးကို အသုံးပြုကြသည်။

သံရည်ကျိုလုပ်ငန်း တစ်နှစ်ပတ်လုံး လုပ်ကိုင်လျက်ရှိပြီး  စိုက်ပျိုးရာသီတွင် လုပ်ငန်းပို၍  တွင်ကျယ်ကြောင်း   သိရသည်။              

Read 17 times Last modified on Monday, 09 September 2019 11:26