SJ WorldNews - шаблон joomla Авто

သြစတြေးလျနိုင်ငံတွင် ပညာသင်ရင်း အချိန်ပိုင်း အလုပ်လုပ်ကာ ကျောင်းစရိတ်ရှာဖွေနိုင် အင်ဂျင်နီယာ နှင့်ဆေးပညာ တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ လျှောက်ထားသူ များပြားလာ

Monday, 09 September 2019 11:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ 

မြန်မာကျောင်းသားများ သြစတြေးလျနိုင်ငံတွင် ပညာသင်ယူရင်း အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ကာ  ကျောင်းစရိတ် ရှာဖွေနိုင်ပြီး လက်ရှိတွင် ပြည်တွင်းမှ အင်ဂျင်နီယာဘာသာရပ်၊ ဆေးပညာဘာသာရပ်များဖြင့် တက်ရောက်သူသည် အခြား ဘာသာရပ်များ ထက်များကြောင်း ရန်ကုန်မြို့အခြေစိုက် AVSS  Myanmar ရုံးမှ သိရသည်။

““သြစတြေးလျနိုင်ငံမှာ  နိုင်ငံတကာက  ကျောင်းသားတွေအတွက် အားသာချက်က အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကျောင်းသား တိုင်းရက် သတ္တနှစ်ပတ်ကို နာရီ ၄၀ အချိန်ပိုင်း အလုပ်လုပ်ခွင့်ရှိတယ်။ အချိန်ပိုင်း အလုပ်လုပ် ခွင့်က တစ်နာရီကို US 17 ဒေါ်လာ လောက်ရတယ်။ ဒါက ကျောင်းဖွင့်နေတဲ့ အချိန်တွေပေါ့  ကျောင်းတွေ လနဲ့ချီပြီး ပိတ်နေတဲ့ အချိန်တွေမှာဆို  Full  Time အလုပ်လုပ်ခွင့်ရှိတယ်။ နှစ်နှစ် အနည်းဆုံးနေပြီး ဘွဲ့ယူဖို့ ကျောင်းတက် နေတဲ့ ကျောင်းသားတွေဟာ ကျောင်းပြီးတဲ့ အချိန်မှာ နှစ်နှစ်ဆက်တိုက် နေထိုင်ဖို့ ဗီဇာ လျှောက်ထားခွင့်ရှိ တယ်။ ဒီအတွက် အလုပ်ကို ဆက်ရှာ ခွင့်ရှိတယ်။ တချို့နိုင်ငံတွေက ကျောင်းပြီးတာနဲ့ ပြန်ရတာပါ။ သြစတြေးလျမှာက အလုပ်ရှာ ဖို့နဲ့ အတွေ့အကြုံ ယူဖို့ အခွင့်အရေးရတယ်။ တချို့ကျောင်းတွေမှာဆို သုံးနှစ်အထိနေလို့ ရတဲ့ဗီဇာ လျှောက်လို့ရတယ်””ဟု ရန်ကုန်မြို့ AVSS  Myanmar ရုံးမှ   Director  ဒေါ်တင့်ဝေက ပြောသည်။

သြစတြေးလျတွင် ဒီပလိုမာ ဘွဲ့ရယူရန် ကျောင်းတက်ပါက နေစရိတ်၊ စားစရိတ်၊ ကျောင်းလခအပါဝင် တစ်နှစ်လျှင် ငွေ သိန်း ၁၅၀ ခန့်ကုန်ကျပြီး အခြားနည်းပညာ ဘွဲ့/ဆေးပညာဘွဲ့များသည်လည်း တက်ရောက်သည့်ကျောင်း level အလိုက်ငွေ ကြေးကွာခြားချက် ရှိကြောင်း သိရသည်။ နေစရိတ်၊ စားစရိတ်က တစ်လလျှင် ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိနေရာ အလိုက်ရှိရာ ကျောင်းတက်ရင်းအချိန်ပိုင်းအလုပ် လုပ်နေမှ နေစရိတ်၊ စားစရိတ် ပြန်ရှာနိုင်ကြောင်း AVSS Myanmar မှသိရသည်။

လက်ရှိတွင် သြစတြေးလျ၌ ပညာသင် ရန် တက်္ကသိုလ်ဝင်တန်းအောင်မြင်ထားသူသည် သြစတြေးလျ၏ ၁၂ တန်းနှင့် ညီမျှရန် (၈ လ/၁၀ လ/၁၂ လ) ရှိသော Foundation Program ကိုတက်ရောက်ရမည်ဖြစ် ပြီး ရိုးရိုးမေဂျာဖြင့် ဘွဲ့ယူရန် ပညာသင်နှစ် သုံးနှစ် အင်ဂျင်နီယာဘာသာရပ်၊ လေးနှစ်ဆေးပညာ ဘာသာရပ်သည် (၆/၇)နှစ်ဆက် တိုက်တက် ရမည်ဖြစ်ကြောင်း သိရသည်။ သြစတြေးလျတွင် အင်ဂျင်နီယာ ဘာသာရပ် ဖြင့်ဘွဲ့ရပြီး အလုပ်စ၀င်လျှင် ကနဦး လစာ တစ်နှစ်လုပ်ခ US ဒေါ်လာ ၅၅၀၀၀ ရရှိကြောင်း ကျန်ဘာသာရပ်များဖြင့် ဘွဲ့ရလူငယ် များသည်လည်း အလုပ်ပေါ်မူ တည်ကာ လစာ အနည်းအများ ကွာခြားကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 11 times Last modified on Monday, 09 September 2019 11:29