Print this page

ရေကျော်ကွန်ကရစ်လမ်း ပျက်စီးနေမှု ပြုပြင်ပေးရန် ဒေသခံများလိုလား

Monday, 09 September 2019 11:38 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ မြို့တွင်းလမ်း အမှတ်(၂) ဈေးကုန်းရပ်ကွက်နှင့် အမှတ်(၄)သိမ်တော်ရပ်ကွက်တို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ရွှေလှံပျံရေကျော်ကွန်ကရစ်လမ်းပျက်စီး နေမှုကို ပြုပြင်ပေးရန် ဒေသခံများလိုလား လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွှေလှံပျံရေကျော်ကွန်ကရစ်လမ်းသည် အရှည်ပေ ၁၂ဝ၊  အနံပေ ၂ဝ ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ သွားလာနေသည့် လမ်းဖြစ်ကာ ပျက်စီးနေသည့် ရေကျော်ကွန်ကရစ်လမ်းအရှေ့ဘက်ထိပ်တွင် ကွန်ကရစ်ရေကျော်နှင့် မြေသားလမ်းရေတိုက်စားကာ ပျက်စီးနေခြင်းကြောင့် သွားလာရာတွင် အန္တရာယ်များ သဖြင့် ပျက်စီးနေသည့်လမ်းကို ပြုပြင်ပေးစေလိုကြောင်း အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်မောင်က ပြောသည်။

ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့   နေ့စဉ်ကျောင်းသွားကျောင်းပြန်တက်ရောက်နေသည့် ကျောင်း သား၊ ကျောင်းသူများမှာ  စက်ဘီးများ၊ မော်တော်ဆိုင်ကယ်များဖြင့်    ရွှေလှံပျံရေကျော်ကွန်ကရစ်လမ်းကို   ဖြတ်သန်းသွားလာနေခြင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက   အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံများ လိုလားလျက်ရှိကြောင်း သိရသည်။

             ကိုထိန်(ငါ့သရောက်)

Read 22 times Last modified on Monday, 09 September 2019 11:40