SJ WorldNews - шаблон joomla Авто

လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး ပန်းချီပြိုင်ပွဲ ကျင်းပ

Monday, 09 September 2019 11:40 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ် မယ်စဲ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင်   ''လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်''ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် နှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၇ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးဝင်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူးသန်းအောင်၊  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးကြောင်း သိရသည်။                            ဝတ်ရည်

Read 21 times Last modified on Monday, 09 September 2019 11:44