SJ WorldNews - шаблон joomla Авто

အဆင့်မြှင့်တင်ထားသော ကမ်းနားလမ်းညဈေး၌ ဈေးဆိုင်ပေါင်း ၂၃ဝ ကို ကနဦးပြောင်းရွှေ့ ရောင်းချခွင့်ပြု

Monday, 09 September 2019 11:50 font size decrease font size decrease font size increase font size increase font size

ပြန်လည်အဆင့်မြှင့်တင်ထားသော ကမ်းနားလမ်းညဈေး၌ ကနဦးအနေဖြင့် ဈေးဆိုင်ပေါင်း ၂၃ဝ ကို သြဂုတ်    ရက် က  စတင်ပြောင်းရွှေ့ရောင်းချခွင့်ပြုထား ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောပြချက်အရ သိရသည်။

အဆိုပါ ညဈေး၌    ပန်းဆိုးတန်းနှင့်  ဆူးလေဘုရားလမ်းကြား အကောက်ခွန် ရုံးအနီးနေရာ၌ တည်ဆောက်ကာ ရောင်းချ ခွင့်ကို အဖွဲ့စုံဖြင့် စိစစ်ထားသည့် ဈေးသည်  ၂၃ဝ  အား စနစ်တကျနေရာချထားပေးခြင်း ဖြစ်သည်။

''မှန်မှန်ကန်ကန် ဖြစ်အောင်   စနစ်တကျ စိစစ်ထားတဲ့သူတွေကို နေရာပြန်ချပေးတာ ဖြစ်ပါတယ်။   စိစစ်တာကိုလည်း အဖွဲ့စုံနဲ့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ အဲဒီလိုစိစစ်ပြီး နေရာချထားပေးတဲ့သူတွေကို ကတ်ပြားတွေ ထုတ်ပေးထားတယ်။  လစဉ်ကြေးတွေကောက်ခံတယ်။ ညဈေးမှာ စနစ်တကျရောင်းချဖို့ ခွင့်ပြုပေးတာ ဖြစ်ပါတယ်'' ဟု ၄င်းကပြောသည်။

အဆိုပါ ဈေးဆိုင် ၂၃ဝ မှာ  ပစ္စည်းအဟောင်း ရောင်းချသည့်ဆိုင်များဖြစ်ပြီး ယခင်က ရွှေဘုံသာလမ်း အလယ်ဘလောက်တွင် လမ်းဘေး၌ လျှပ်စစ်ပစ္စည်းအဟောင်း ရောင်းချသည့် ဈေးသည်များဖြစ်သည်။  ထိုဈေးသည်များကို ညဈေးတန်းကော်မတီ ရုံး၌ စက်တင်ဘာ    ရက်မှ    ရက်အထိ သုံးသုတ်ခွဲကာ    ရောင်းချခွင့်စိစစ်ရေး ကတ်ပြားများထုတ်ပေးခဲ့ပြီး လစဉ်ကြေး အဖြစ် စက်တင်ဘာလအတွက် ငွေကျပ် ၁၃ဝဝဝ ကောက်ခံခဲ့ကြောင်း သိရသည်။

''အခုမှဖွင့်တာဆိုတော့ ရောင်းအားက ဘယ်လိုမှန်းမသိသေးဘူး။ အရင်နှစ်တွေတုန်းက ဒီလိုညဈေးကို စပြီးပြောင်းခါစက ရွှေဘုံသာလမ်းမှာ ရောင်းတုန်းကလောက်   အရောင်းအဝယ်မကောင်းဘူး။ အခု ဒီနားမှာပဲ   အဆင့်မြှင့်တင်ပြီးတော့  နေရာပြန်ချပေးတာပါ။ လောလောဆယ် လစဉ်ကြေးတော့ သွင်းထားရတယ်''  ဟု  ဈေး ရောင်းချသူတစ်ဦးကပြောသည်။

အဆိုပါ နေရာ၌ ရောင်းချခွင့်ရရှိသည့် ဈေးဆိုင်များအနေဖြင့်  သတ်မှတ်ထားသော     ဆိုင်နေရာအမှတ်စဉ်အတွင်း မွန်းတည့် ၁၂ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပေးထားသည်။ ကျန်ရှိသော နေရာများ၌လည်း အဆင့်မြှင့်တင် ပြုပြင်မှုများ   လုပ်ဆောင်နေပြီး  အပိုင်းလိုက် နေရာချထားပေးရန်  စီစဉ်ထားကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 26 times Last modified on Monday, 09 September 2019 11:51