SJ WorldNews - шаблон joomla Авто

ခရီးစဉ်အလိုက် ဈေးနှုန်း မဖော်ပြထားသည့် YBS ယာဉ်များကို စိစစ်အရေးယူမည်

Tuesday, 10 September 2019 09:11 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲ လျက်ရှိသည့် YBS ယာဉ်များတွင် ခရီးစဉ်အလိုက်  ပေးဆောင်ရမည့် ယာဉ်စီးခနှုန်းထားများကို    ခရီးသည်များ သိရှိနိုင်ရန် စတေကာများ ကပ်ရမည်ဖြစ်သော်လည်း ထိုသို့ပြုလုပ်ထားခြင်း မရှိပါက အရေးယူမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်း ရေးမှူး   ဦးလှအောင်၏ ပြောဆိုချက်အရ သိရသည်။

''ငွေကျပ်  ၁ဝဝ  ကနေ  ၅ဝဝ  အထိ  စီးနင်းနိုင်မယ့် လမ်းကြောင်းတွေအမျိုးမျိုးရှိတယ်။   ကားတွေမှာ    ခရီးစဉ်အလိုက်ဖော်ပြထားတဲ့ဇယားတွေ   မတွေ့ရတာကြောင့် စစ်ဆေးနေပါတယ်။ မလိုက်နာရင် အရေးယူမှာပါ''ဟု ဦးလှအောင်ကပြောသည်။

ယခင် YBS ယာဉ်လိုင်းများ  စတင်ပြေးဆွဲစဉ်က YBS ယာဉ်အားလုံးနီးပါး တွင်  ခရီးစဉ်နှုန်းထားများ   ဖော်ပြထားပြီး လက်ရှိတွင် ယာဉ်အနည်းစုသာ ယာဉ်စီးခ  ခရီးစဉ်နှုန်းထား   ဖော်ပြထားမှုရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း YRTA ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ     စည်းကမ်းဖောက်ဖျက်သည့်  YBS   ယာဉ်များကို အရေးယူမှု  ၇၄ဝဝ  ကျော်ရှိခဲ့ကြောင်း၊ လက်ရှိ ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ပေါင်း ၁ဝဝ မှ ယာဉ်အစီးရေ ၄ဝဝဝ ဝန်းကျင်ဖြင့်  နေ့စဉ်ပုံမှန်ပြေးဆွဲပြီး  ခရီးသည် ၂ ဒသမ ၈ သန်းခန့်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

ကျော်ကို

Read 14 times Last modified on Tuesday, 10 September 2019 09:13