SJ WorldNews - шаблон joomla Авто

မိတ္ထီလာတွင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲဖွင့်ပွဲကျင်းပ

Tuesday, 10 September 2019 09:15 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာမြို့ (၁၃၆)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပသည့် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် အဆိုပါ စေတီတော်အနီး  ပွဲကြည့်စင်၌  ကျင်းပကြောင်း သိရသည်။

မြန်မာ့ရိုးရာလှေပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ  ခြောက်ရက် ကျင်းပမည်ဖြစ်ပြီး အကြီးတန်းပြိုင်ပွဲတွင် ခြောက်သင်း၊   အငယ်တန်းပြိုင်ပွဲတွင် ၂၂ သင်း အုပ်စုခြောက်အုပ်စု ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါလှေပြိုင်ပွဲကို နေ့စဉ်ပုံမှန် ၁၄ ပွဲ ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲအနေအထားအရ သုံးကြိမ်လှော်ခတ်ယှဉ်ပြိုင်ရ မည်ဖြစ်သော်လည်း ပွဲစဉ်တစ်ခုတွင်    နှစ်ကြိမ်ပြိုင်နှစ်ကြိမ်အနိုင်ရသည့်အသင်းကို   အနိုင်အဖြစ်သတ်မှတ်သည်။   ပွဲစဉ်တစ်ခုအား အနည်းဆုံးနှစ်ကြိမ် ယှဉ်ပြိုင်လှော်ခတ်ရမည်ဖြစ်၍  လှေပြိုင်ပွဲ  ပွဲအရေအတွက် နေ့စဉ် ၂၈ ပွဲကျော်ရှိမည်ဖြစ်သည်။

လှေပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၁၄ ရက်တွင်ကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့် အသင်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

 ချမ်းသာ(မိတ္ထီလာ)

Read 18 times Last modified on Tuesday, 10 September 2019 09:16