SJ WorldNews - шаблон joomla Авто

တိုင်ကြား ပေးပို့လာသော မူးယစ်ဆေးဝါး သတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ် ရရှိမှုများကို သတင်း ထုတ်ပြန်

Tuesday, 10 September 2019 11:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ  

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးက ယနေ့ရက်စွဲဖြင့် တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါး သတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ် ရရှိမှုများကို သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသည့်  ဆေးဝါး အန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံ ရယူနိုင်ရန်  ''မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန'' ကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

အဆိုပါဌာနသို့ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါး သတင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြည်ထဲရေး ဝန်ကြီးဌာနက  ယခုသီတင်း ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိမှု အပါအဝင် ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ စုံစမ်းဖော်ထုတ်ချက်များ အရ  အမှုပေါင်း ၇၄၂  မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံ ကျား ၉၇၃ ဦး၊ မ ၁၈၂ ဦး ပေါင်း ၁၁၅၅ ဦး ဖမ်းဆီးရမိခဲ့၍ ဘိန်းဖြူ ၆၇၁၁ ဒသမ ၆၇၈၄ ဂရမ်၊ ICE ၁၃၁၈ ဒသမ ၇၂ ဂရမ်၊ ဘိန်း ၃၉၇၇၆ ဒသမ ၉၅ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဒသမ ၆ ဂရမ်၊ ဘိန်းစာမှုန့် ၁၉၈ဝ၉ ဒသမ ၂၇ ဂရမ်၊ ဘိန်းစာရွက် ၇၈၃၃ ဒသမ ၁၉ ဂရမ်၊ ဘိန်းစာရည် ၂ ဒသမ ၅ လီတာ၊ စိတ်ကြွဆေးပြား ၃၃၉၄၄၁ ပြား၊ ဆေးခြောက် ၈၃၆၃ ဒသမ ၂၂ ဂရမ်၊ ဘိန်းရည် သုည ဒသမ ၁ လီတာ၊ ဘိန်းဆီခဲ ၅၁၃ ဒသမ ၂၆ ဂရမ်၊ ဘိန်းစေ့ ၆ဝ ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၂၉ ဒသမ ၁၅ ဂရမ်၊ Ecstasy  အကြေ သုည ဒသမ ဝဝ၁ ဂရမ်၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံး တစ်လုံးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး သတင်းများနှင့် ပတ်သက်၍   ဖော်ထုတ် ဖမ်းဆီး အရေးယူမှုကို   အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  ထပ်မံဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်မှု အခြေအနေအား ဆက်လက်ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

Read 26 times Last modified on Tuesday, 10 September 2019 11:03