SJ WorldNews - шаблон joomla Авто

ရွှေတိဂုံစေတီတော်သို့ တရုတ်ခရီးသွား ဧည့်သည်များ လာရောက်မှု ပိုများလာ

Wednesday, 11 September 2019 10:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ    ရွှေတိဂုံစေတီတော်သို့ တရုတ်နိုင်ငံမှ    ခရီးသွားဧည့်သည်များ လာရောက်ကြည်ညိုလေ့လာမှု   ပိုများ လာကြောင်း  ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များသည် ရွှေတိဂုံစေတီတော်သို့ ၂ဝ၁၉ ခုနှစ် မေလမှစတင်ကာ   ပိုမိုဝင်ရောက်ခဲ့ပြီး မေလ တစ်လတာကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၅၁၄၁၇ ဦးအနက်  တရုတ်နိုင်ငံမှ  ၁၄၂၂၆  ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။

ဇွန်လတွင် လာရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၄၃၆၅ဝ ဦး အနက်   ၁၂ဝ၄၁  ဦးဖြင့်  အများဆုံး လာရောက်ခဲ့ကြောင်း၊ ဇူလိုင်လတွင် စုစုပေါင်း   ၄၉၂၄၇  ဦးအနက်  ၁၅၄၁၉ ဦးဖြင့် အများဆုံးလာရောက်ခဲ့ပြီး သြဂုတ်လတွင်   စုစုပေါင်း  ၅၄၈၃၅  ဦးအနက် ၁၅၄၆၂ ဦးဖြင့်   အများဆုံး လာရောက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လအတွင်းက နိုင်ငံခြားခရီးသွား ဧည့်သည်  ၅၄၈၃၅ ဦး လာရောက်ရာတွင်  တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံက ဒုတိယအများဆုံး၊   တောင်ကိုရီးယားနိုင်ငံက   တတိယအများဆုံး  လာရောက်ကြောင်း သိရသည်။

ယင်းကဲ့သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ကြခြင်းကြောင့် သြဂုတ်လအတွင်း  ဧည့်ဝင်ကြေးအဖြစ်  ငွေကျပ်

၅၄၈၃၅ဝဝဝဝ နှင့် အမေရိကန်ဒေါ်လာ ၇ ဒေါ်လာကိုလည်း ကောက်ခံရရှိခဲ့ကြောင်း၊ လာမည့် ပွင့်လင်းရာသီတွင်လည်း နိုင်ငံခြား ခရီးသွားဧည့်သည် ယခုထက် လာရောက် ကြည်ညိုလေ့လာမှု  ပိုများပြားနိုင်မည့် အခြေအနေမျိုးရှိသည်ဟု  ခန့်မှန်းထားကြောင်း သိရသည်။ ထက်ခိုင်(စမ်းချောင်း)

Read 36 times Last modified on Wednesday, 11 September 2019 10:29